(Part -1)

12.4K 288 2
                                    

(U&Z)

( 2017 ခုနှစ်​ရဲ့​ည​နေခင်းတစ်​ခုတွင်​ဖြစ်​သည်​..... )

မုန်​တိုင်း​မထန်​ခင်​လေ​ပြေ​လေညှင်း​တွေ အရင်​ရောက်​လာတယ်​လို့​ပြော​လေ့ရှိကြတယ်​.....
အဲ့ဒီ့​လေ​ပြေ​လေညှင်းတို့နဲ့အတူ သူမဟာ ကျွန်​တော့်​အနားကို ကိုယ်​ပိုင်​သင်းရနံအချို့နဲ့​ရောက်​လာခဲ့​လေရဲ့ .....
တစ်​ခု​သော ည​နေခင်းမှာ​ပေါ့ .....

အပန်း​ဖြေ​ပန်းခြံကြီးတစ်​ခုရဲ့​ရေကန်​နားတစ်​ဝိုက်​မှာ ခုံတန်း​လေး​တွေရှိသည်​။ ထိုခုံတန်း​လေး​တွေ​ပေါ်တွင်​စုံတွဲအချို့ ဟိုနားဒီနား ထိုင်​နေကြသလို သူငယ်​ချင်းအုပ်​စုလိုက်​ရောက်​လာကြ​သော​ယောက်​ကျာင်္း​လေးသုံး​ယောက်​မိန်းခ​လေးနှစ်​ယောက်​အုပ်​စုသည်​လည်း ကန်​ရေပြင်​ကို မျက်​နှာမူကာ မြက်​ခင်းစပ်​နားတွင်​ဂီတာတီး၍သီချင်းဆို​နေကြ​လေသည်​။
မိသားစု​လိုက်​လာအပန်း​ဖြေသူ​တွေနှင့်​ည​နေခင်းလမ်း​လျောက်​နေတဲ့သူ​တွေလဲ ဟိုနားဒီနားမှာ ရှိ​နေကြပါသည်​။

အားလုံးလိုလိုက မိသားစု အ​ပေါင်းအသင်း မိတ်​ဆွေသူငယ်​ချင်း ချစ်​သူ တစ်​ယောက်​ထဲမဟုတ်​သော ပုံစံမျိုးစုံနှင့်​ရှိ​နေကြ​သော်​လည်း သူက​တော့ အ​ဖော်​မပါပဲ တစ်​ယောက်​ထဲ​ရောက်လာခဲ့တာပါ​။
စုံတွဲ​တွေ ဂီတာတီး​နေတဲ့အုပ်​စု​တွေနဲ့ မလှမ်းမကမ်း​နေရာတွင်​သူတစ်​ယောက်​ထဲ ခုံတန်း​လေး​ပေါ်၌​ထိုင်​နေမိ​လေသည်​။

ဘယ်​သူနဲ့မှ ချိန်းဆိုထားလို့မဟုတ်​ပဲ တစ်​ယောက်​ထဲစိတ်​အပန်း​ဖြေဖို့ သူ​ရောက်​လာခဲ့ခြင်းဖြစ်​သည်​။
တိတ်​ဆိတ်​လွန်း​နေတာမျိုး မဟုတ်​ပဲ သူ့ဟာနဲ့သူ​တော့ သဘာဝကျတဲ့ ဆူညံမှု​လေး​တွေရှိ​နေသည်​။
အများပြည်​သူနဲ့သက်​ဆိုင်​သော​နေရာတစ်​ခုမို့ ဒီလိုမျိုး​လေး​တွေရှိ​နေတာက သိပ်​တော့မထူးဆန်း​ပေ။
သူကိုယ်​တိုင်​ကလဲ အပန်း​ဖြေဖို့​ရောက်​လာတယ်​ဆို​ပေမယ့်​မြင်​နေရတဲ့ ပတ်​ဝန်းကျင်​ကို မျက်​စိရှုပ်​နားရှုပ်ပြီး စိတ်​အ​နှောင့်​အယှက်​တော့ မဖြစ်​မိ​ပါ။

သူ့အလုပ်​တွေအားလုံးကို ပစ်​ထားခဲ့ပြီး​တော့ ဒီလို​အေး​အေးလူလူ လာထိုင်​နေရတာ အနည်းငယ်​တော့ စိတ်​ထွက်​ပေါက်​လေး ရပါသည်​။

ငါ မုန်းပါရစေ (Normal)Where stories live. Discover now