(Part - 6)

1.9K 145 3
                                    

(U&Z)

(2006 ခုနှစ်​၏ နာကျင်​စရာ အဖြစ်​ဆိုးတို့သည်​ထို​အချိန်​ကစတင်​ခဲ့လေ​၏​..... )

ချစ်​ခြင်းတစ်​ယောက်​အိမ်​က​နေ လစ်​ထွက်​လာဖို့ အချိန်​တွေကြာ​နေခဲ့ကာ ပန်းနုနဲ့ချိန်းထားသည့်​နေရာသို့​စက်ဘီးတစ်စီးနှင့်​နောက်​ကျမှ​ထွက်​လာခဲ့​ရလေသည်​။
သူမ​ဘောလုံးကွင်း​ဟောင်းနားသို့​ရောက်​တော့ ပန်းနုသည်​စက်​ဘီး​လေးတစ်​စီးနှင့်​တစ်​ယောက်​ထဲ ရပ်​နေတာကို ချစ်​ခြင်းခပ်​လှမ်းလှမ်းမှ လှမ်းမြင်​လိုက်​ရ​၏။

"ပန်းနု .... ဟင်​... "
ချစ်​ခြင်းက​အော်​ခေါ်ပြီး လက်​လှမ်းပြဖို့ ကြိုးစား​လိုက်​ပေမယ့်​သူမအသံက တိမ်​ဝင်​သွားရသည်​။

အ​ကြောင်းက​တော့ ပန်းနုအနားသို့ ကားတစ်​စီးထိုးရပ်​လာခဲ့ကာ ပန်းနုမျက်​နှာကို အဝတ်​စတစ်​ထည်​နှင့်​အုပ်​၍ ကား​ပေါ်အတင်းဆွဲ​ခေါ်​နေခြင်းကို မြင်​လိုက်​ရ၍ဖြစ်​သည်​။
အန္တရာယ်​ဆိုတာကို ရိပ်​စားမိတာနှင့်​ပန်းနုအတွက်​စိတ်​ပူပြီး ချစ်​ခြင်း စက်​ဘီးကို တအားနင်း၍ အ​ရောက်​သွားလိုက်​သည်​။

ချစ်​ခြင်းအနားသို့​ရောက်​တော့ ပန်းနုသည်​ပျော့​ခွေသတိလစ်​သွားကာ ကားထဲ​ရောက်​နေ​လေပြီ။

"ပန်းနု .... ပန်းနု ....
​ဟေ့လူကြီး ဒါဘာလုပ်​တာလဲ .....
ပန်းနုကို အခုလွှတ်​လိုက်​..... "

"ဟာ အ​နှောင့်​အယှက်​ပဲ​သေစမ်း .... "
စက်​ဘီးတစ်​စီးနဲ့ ချက်​ခြင်းဆိုသလို​ရောက်​ချလာသည့်​ချစ်​ခြင်း​ကြောင့်​ထိုလူက စိတ်​ညစ်​ဖွယ်​ငြီးတွားလိုက်​မိ​လေသည်​။

ချစ်ခြင်းက​စီးလာသည့်​စက်​ဘီးကို ဖြစ်သလို​လွှတ်​ချလိုက်​၍ ပန်းနုကို ကား​ပေါ်တင်​နေသည့်​လူကြီးကို ချစ်​ခြင်း အတင်းထုရိုက်​တိုက်​ခိုက်​နေ​လေ​တော့၏။

"ပန်းနုကို အခုပြန်​လွှတ်​ပေး ....
ခင်​ဗျားကြီး ပန်းနုကို ဘာလုပ်​မလို့လဲ အခုလွှတ်​အခုပြန်​လွှတ်​ပေး ....
လာကြပါဦး .... လာကြပါဦး .... ဒီမှာ .... "

"ဟာ .... ဒီဟာ​လေးက​တော့ တိတ်​စမ်း နင့်​ပါးစပ်​.... "

"ဘာလို့တိတ်​ရမှာလဲ လာကြပါဦး လာကြပါ .... အု ... အု .... "

ငါ မုန်းပါရစေ (Normal)Where stories live. Discover now