(Part - 9)

1.8K 143 0
                                    

(U&Z)

ချစ်ခြင်းတစ်ေ​ယာက်​နေ့လည်​စာစားပြီး​နောက်​စင်္ဂပူက သူမသူငယ်​ချင်း သွေးသစ်​၊ မေနန်းတို့နဲ့ video call ပြော​နေကြ​လေသည်​။
​သွေးသစ်က​မေနန်းအိမ်​မှာ​နေ့လည်​စာလာစားရင်းနဲ့ ချစ်​ခြင်းဆီသို့ ဖုန်း​ခေါ်ပြီး သူငယ်​ချင်းသုံး​ယောက်​စကား​ပြောဖြစ်​ကြ၏။

"ဒီလိုအချိန်​မှာ နင်​တစ်​ယောက်​ထဲ ရှိ​နေတာ အဆင်​ပြေရဲ့လား ချစ်​ခြင်း ..... "
​မေနန်းက စိတ်​မ​ကောင်းဖြစ်​သည့်​မျက်​နှာ​လေးနှင့်​မေး​လေ၏။

"​ဘယ်​ပြေမလဲဟာ ငါလဲအားငယ်​နေတာမျိုး​တော့ ရှိတာ​ပေါ့ .....
ပြီး​တော့ နင်​တို့ကိုလဲ သတိရမိတယ်​..... "

"အဲ့ဒါနဲ့များ အန်​တီဆုံးတာကို ငါတို့ကိုဘာလို့ အ​ကြောင်းမကြားတာလဲ .....
ငါတို့က နာ​ရေးကိစ္စ​တွေအားလုံးပြီးမှ သိရတယ်​.....
အနည်းဆုံး  ငါတို့ရှိ​နေ​တော့ နင့်​ကိုအား​ပေးနှစ်​သိမ့်​နိုင်​တာ​ပေါ့ ..... "

​သွေးသစ်​ကလဲ ချစ်​ခြင်းအ​မေ နာ​ရေးတုန်းက သူတို့မလာခဲ့ရတာကို ခုထိ​ကျေနပ်​တာမဟုတ်​။ တကယ်​ဆို သူငယ်​ချင်းအရင်း​ခေါက်​ခေါက်​၏ အ​မေဆုံးတာကို သူတို့နှစ်​ယောက်​မှာ ချစ်​ခြင်းကအသိမ​ပေးလို့ လိုက်​မလာခဲ့ရ​ပေ။

"နင်​တို့ကို မလာ​စေချင်​လို့​အသိမ​ပေးတာ မဟုတ်​ပါဘူးဟာ .....
​မေနန်းက သူခင်ပွန်းေ​လာင်းရဲ့ မိဘ​တွေကို သွားေ​တွ့လို့ ခရီးလွန်​နေ​တာ​လေ .....
အခုမှစပြီး​တွေ့ဆုံကြတဲ့ဟာကို ငါ​ကြောင့်​မပျက်​ဆီး​စေချင်​ဘူး​အဲ့ဒါ​ကြောင့်​ပါဟာ ..... "

​မေနန်းမှာက မိဘ​တွေမရှိ​တော့​ပေ။ စင်္ဂပူမှာပဲ နိုင်​ငံသားခံယူ၍ အ​ခြေချ​နေထိုင်​ပြီး ကိုယ့်​ဒူးကိုယ်​ချွန်​ကာ အလုပ်​လုပ်​ရင်း​ကျောင်းတတ်​နေသူဖြစ်​၏။
အခု​တော့ သူမက​ဂျပန်နိုင်ငံ​သား စီးပွား​ရေးသမားတစ်​ယောက်​နဲ့ ဒီနှစ်​ထဲမှာ လက်​ထပ်​တော့မှာဖြစ်သည်​။

"အဲ့ဒါဆိုလဲ ငါရှိ​နေတာပဲ​လေ ငါ့ကို​ပြော​ပေါ့ .... "

"နင်​က​ချော်​လဲတာလက်​ကျိုးလို့​ဆေးရုံတက်​နေတယ်​ဆို ..... "

ငါ မုန်းပါရစေ (Normal)Where stories live. Discover now