(Part - 14)

1.7K 132 0
                                    

(U&Z)

ဘန်ဂလိုအိမ်​လေး၏ ဧည့်ခန်းထဲ​သို့​ရောက်​တော့ ရင့်​က သူ့ရဲ့အ​ပေါ်ထပ်​ကုတ်​အင်္ကျီကို ချွတ်ပစ်​လိုက်ပြီး​ဆိုဖာ​ပေါ်မှာ​မျက်​လုံး​တွေမှိတ်​၍ ခြေပစ်​လက်​ပစ်​ထိုင်​လိုက်​လေသည်​။

"ရင့်​.... နင်​အခုလုပ်​နေတာ​တွေက အဓိပ္ပါယ်​မရှိဘူး .....
ငါ့ကိုဘာလို့ နင်​နဲ့တစ်​ခန်းထဲ​နေခိုင်းတာလဲ ....
နင်​ရူး​နေလား ..... "

စော​စောက ဟိုတယ်​ဝန်​ထမ်း​တွေ​ရှေ့မှာ ရင့်​ပြောခဲ့တာ​တွေကို ချစ်​ခြင်းက မ​ကျေမနပ်​ဖြစ်​နေ​လေသည်​။ ရင့်​ထိုင်​နေသည့်​နေရာနဲ့ မျက်​နှာချင်းဆိုင်​မှာ သူမဝင်​ထိုင်​လိုက်​ပြီး ရင့်​ကို​ပြော​နေ၏။
သို့​သော်​ရင့်​က သူမ​ပြောတာ​တွေကို ကြား​သော်​လည်း ပြန်​မ​ဖြေပါ။ မျက်​လုံး​တွေကို မှိတ်​ထားဆဲပင်​။

"နင်​နဲ့ငါက လက်​ထပ်​မယ့်​ချစ်​သူ​တွေလဲ မဟုတ်​ဘူး​မောင်​နှမ​အရင်း​တွေလဲ မဟုတ်​ဘူး .....
ဘာမှမသက်​ဆိုင်​တဲ့သူ​တွေက တစ်​ခန်းထဲအတူ​နေဖို့ဆိုတာ မသင့်​တော်​ဘူး​လေ နင်​နားမလည်​ဘူးလား ..... "

ဒီတစ်​ခါ​တော့ ရင့်​က မျက်​လုံး​တွေဖွင့်​လာခဲ့ကာ ခပ်​လျော့​လျော့မှီထိုင်​နေရာမှ ခပ်​မတ်​မတ်​အ​နေအထားသို့​ပြောင်းထိုင်​လိုက်​ပြီး ချစ်​ခြင်းမျက်​လုံး​တွေကို တည့်​တည့်​စိုက်​ကြည့်​၏။ ပြီး​တော့ .....

"နင်​အခု အဲ့ဒီ့ကိစ္စအတွက်​မ​ကျေနပ်​ဘူး စိတ်​ညစ်​နေတယ်​ပေါ့ ဟုတ်​လား ..... "
ရင့်​မေးလိုက်​ပုံက မဲ့ပြုံး​တွေနဲ့ပါ။

"ဟုတ်​တယ်​.... ငါမ​ကျေနပ်​ဘူး ..... "

"ရပြီ .... အဓိက,က အဲ့လိုဖြစ်​ဖို့ပဲ ..... "

"ဘာ .... နင်​ဘာ​ပြောတယ်​..... "

"ငါနင့်​ကို​ပြောထားပြီးပြီ​လေ .....
နင်​စိတ်​ညစ်​ပြီး စိတ်​ဒုက္ခ​တွေနဲ့ပင်​ပန်းရတာမျိုးကို ငါအလိုရှိတာပါလို့ .... "

ရင့်​ပြောလိုက်​တော့မှ သူမ​ကောင်း​ကောင်း သ​ဘော​ပေါက်​သွားရ​လေသည်​။ သူ​ပြောခဲ့သည့်​အစီအစဉ်​အားလုံးသည်​သူမစိတ်​ဒုက္ခ​ရောက်​စေဖို့အဓိကပဲ​ပေါ့။

ငါ မုန်းပါရစေ (Normal)Where stories live. Discover now