(Part - 26)

2.1K 120 0
                                    

(U&Z)

ဒီ​နေ့က ရင့်​နဲ့ချစ်​ခြင်းတို့နှစ်​ယောက်​ဒီဘန်​ဂလိုအိမ်​လေးမှာ အတူ​နေကြသည့်​နောက်​ဆုံး​နေ့ပါပဲ။
တခြားကိစ္စ​တွေ ပြသနာ​တွေကို​ဖြေရှင်းခဲ့ပြီး​ပေမယ့်​သူနဲ့ ချစ်​ခြင်းကြားက အမုန်း​တွေ သံ​ယောဇဉ်​တွေ နားလည်​မှု​တွေကို​ဖြေရှင်းကြဖို့ အခုချိန်​သည်​အဖြစ်​သင့်​ဆုံး ....။

"ချစ်​ခြင်း .... "

သူ​ခေါ်လိုက်​တော့ ချစ်​ခြင်းကလှည့်​ကြည့်​၏။
ချစ်​ခြင်းက အခန်းထဲက သူမပစ္စည်း​တွေကို သိမ်းဆည်း​နေတာဖြစ်​သည်​။
မနက်​ဖြန်​ဆိုရင် ချစ်​ခြင်းတို့ရန်ကုန်ကို​ပြန်​ကြ​တော့မည်​။ ပန်းနုလဲပြန်​လိုက်​သွား​မှာဖြစ်​သည်​။
ရင့်​က​တော့ ဒီလကုန်​မှသာ ရန်​ကုန်​ကို​လိုက်​လာဖြစ်​မှာဖြစ်​၏။

ချစ်​ခြင်းက ရန်​ကုန်​ပြန်​ပြီး သူမအ​မွေကိစ္စ​တွေကို​ဖြေရှင်းရမှာဖြစ်​သည်​။
ပြီး​တော့ အရင်​က​နေခဲ့ဖူးသည့်​နယ်​မြို့​လေးမှာ သူအ​ဖေရဲ့အမည်​နဲ့မိသားစုအမည်​ကို ပြန်​လည်​သန့်​စင်​နိုင်​ဖို့ အမှုကိစ္စ​တွေကို ပြန်​ဖွင့်​ပြီး တရားခံ​တွေကို တရားစွဲဖို့​တွေ လုပ်​ရပါဦးမည်​။
​နောက်ဆို​ချစ်​ခြင်း အလုပ်​တွေရှုပ်​နေ​တော့မှာပဲဖြစ်​ကာ သူနဲ့​တွေ့ဖို့ ဒီ​နေ့ကသာ​နောက်​ဆုံးဖြစ်​ပါသည်​။

ရင့်​နဲ့ချစ်​ခြင်း မျက်​နှာချင်းဆိုင်​စကား​ပြောဖြစ်​သွားရ၏။

"နင်​ငါ့ကို ဘာ​ပြောမလို့လဲ ရင့်​....
​တောင်းပန်​ဖို့ဆိုရင်​တော့ မ​တောင်းပန်​ပါနဲ့လို့ ငါ​ပြောချင်​တယ်​....
နင်​လဲမသိလို့ မှားခဲ့တာပဲ ငါနားလည်​ပေးနိုင်​တယ်​.... "

"နင်​ငါ့ကို အမြဲတမ်း ဘာလို့နားလည်​ပေးနိုင်​နေတာလဲ .....
ငါက နင့်​ကိုဘယ်​တုန်းကများ​ကောင်းခဲ့ဖူးလို့လဲ နင့်​ကိုအမြဲရက်​စက်​ခဲ့တာက ငါပါ ... "

"အဲ့ဒါ​တွေက ပြီးသွားပြီ​လေ ....
ငါလဲအခု နင့်​အမုန်း​တွေက​နေ လွတ်​လပ်​သွားပြီပဲ အရာအားလုံး ပြီးဆုံးသွားပြီ​ပေါ့ .... "

ချစ်​ခြင်းက​အေး​ဆေးလွန်းစွာ​ပြော​နေ​လေသည်​။ သူမတကယ်​ပဲ သူ့ဆီကလွတ်​မြောက်​ခွင့်​ရသွားလို့ ဒီလို​အေး​ဆေးပြီး​နေနိုင်​နေတာလား ....
သူ့မှာ​တော့ ချစ်​ခြင်းအ​ပေါ်မှားခဲ့မိတာကို​ရော မုန်းခဲ့မိတာ​တွေအတွက်​ရော နာကျင်​မှု​တွေက​ရော​ထွေး​နေခဲ့ကာ စိတ်​တွေရှုပ်​နေရ​လေသည်​။
အထူးသဖြင့်​ချစ်​ခြင်းသူ့အနားက ထွက်​သွား​တော့မယ့်​ကိစ္စကို​တွေးမိပြီးပိုစိတ်​ညစ်​နေမိ၏။

ငါ မုန်းပါရစေ (Normal)Where stories live. Discover now