(Part - 11)

1.8K 139 2
                                    

(U&Z)

"တီ ... တီ ... တီ .... "

ချစ်​ခြင်း​တစ်​ယောက်​ထဲ အခန်းထဲမှာ ရှိ​နေစဉ်​တွင်​အခန်းတံခါးဘဲလ်​တီးသံ​ကြောင့်​.....

"ဘယ်​သူလာတာလဲ ..... "

အခန်းတွင်း ဝန်​ဆောင်​မှုများလားဟု ထင်​မိလိုက်​တာ​ကြောင့်​သူမအခန်းတံခါးကို အလွယ်​တကူပင်​ဖွင့်​ပေးလိုက်​မိ​လေသည်​။

တံခါးဖွင့်​လိုက်​တော့ သူမမြင်​လိုက်​ရသူက သူမနဲ့အသက်​ရွယ်တူေ​လာက်​ရှိမည့်​အလွန်​ချော​မော​သော ရုပ်ရည်​နှင့်ေ​ယာကျာင်္းတစ်​ယောက်​ဖြစ်​နေသည်​။

ဟိုတယ်​ဝန်​ထမ်း ဝတ်​စုံနဲ့မဟုတ်​ပဲ ခရမ်းေ​ဖျာ့​ရောင်​ရှပ်​လက်​ရှည်​နဲ့စတိုင်​ပင်​န်​ကို စမတ်​ကျစွာဝတ်​စားထား​သော ဤလူသည်​မြင်​ရုံနဲ့တင်​သူရဲ့အရှိန်​အဝါအဆင့်​အတန်းကို ခန့်​မှန်းရ​စေနိုင်​ပါ၏။

"ဘယ်​သူလဲ မသိဘူး ..... "

"ငါ့ကို မမှတ်​မိဘူးလား ချစ်​ခြင်း​ဝေ​ဝေ ..... "

သူမနာမည်​ကို သိ​နေသူ​ကြောင့်​ချစ်​ခြင်းအံ့သြပြီး ပြန်​ကြည့်​နေမိ​လေသည်​။

"ကျွန်​မနာမည်​ကို သိ​နေတယ်​.....
ရှင်​ကဘယ်​သူလဲ ..... "

"​အေး​လေ ငါ​တောင်​မြင်​မြင်​ချင်း နင့်​ကိုမမှတ်​မိခဲ့တာပဲ နင်​လဲငါ့ကို ဘယ်​မှတ်​မိမလဲ .... "

ထိုလူက စကား​ပြောရင်းနဲ့ သူမအခန်းထဲသို့ အတင်းဝင်​လာ​လေ​တော့သည်​။ ချစ်​ခြင်း ဟန့်​တားချိန်​ပင်​မရလိုက်​ပေ။
ချစ်​ခြင်းက စိတ်​တိုတိုနဲ့ ထိုလူ့​နောက်​က​နေ လိုက်​သွားပြီး​.....

"ဒီမှာ ဒီမှာ ရှင်​ဘာလို့ သူများအခန်းထဲဝင်​လာရတာလဲ .....
ရှင်​ကျွန်​မကို သိ​ပေမယ့်​ကျွန်​မက​တော့ ရှင့်ကိုမသိဘူး အဲ့ဒီ့​တော့ ရှင်​ထွက်​သွား​ပေးပါ .....
ရှင်​မသွားရင်​ကျွန်​မ ဒီဟိုတယ်​က တာဝန်​ရှိသူကို​ခေါ်ရလိမ့်​မယ်​..... "

"​နင်​ခေါ်လိုက်​လဲ ငါက​တော့ ထွက်​သွားမှာမဟုတ်​ဘူး ....
ဘာလို့လဲဆို​တော့ နင်​ပြောတဲ့ ဟိုတယ်​မှာတာဝန်​ရှိသူဆိုတာ ငါ့လက်​အောက်​မှာပဲရှိ​တယ်​.....
ငါက ဒီဟိုတယ်ရဲ့​ပိုင်​ရှင်​ပဲ တာဝန်​အရှိဆုံးသူဆိုတာကလဲ ငါပဲ .... "

ငါ မုန်းပါရစေ (Normal)Donde viven las historias. Descúbrelo ahora