(Part - 25)

1.9K 135 1
                                    

(U&Z)

ဦးစိုင်း​မောင်​တစ်​ယောက်​သူ့အိမ်​ထဲမှာ ငါးကင်​ဖို့အတွက်​ပြင်​ဆင်​နေ​လေ၏။ ဟိုရက်​တွေက ချစ်​ခြင်း​ဝေ​ဝေနဲ့ ဆုံခဲ့ပြီး​နောက်​နှစ်​ရက်​သုံးရက်​လောက်​ကို သူ​ဈေးမ​ရောင်းဖြစ်​ခဲ့​ပေ။
ဒီ​နေ့​တော့ မဖြစ်​မ​နေ​ဈေး​ပြန်​ရောင်းရပါမည်​။
သူ့အိပ်​ထဲမှာ ပိုက်​ဆံကအလွန်​နည်း​နေပြီ မဟုတ်​ပါလား။
ဒီတစ်​ခါ​တော့ ချစ်​ခြင်း​ဝေ​ဝေနဲ့ဆုံခဲ့သည့်​ဟိုတယ်​ဘက်​သို့ သူ​ဈေးသွားမ​ရောင်း​တော့ပါ။

သူမနဲ့ထပ်​ဆုံ​နေမှာစိုး၍ပဲဖြစ်သည်​။ ဒီမိန်းခ​လေးနဲ့ဆုံရင်​သူမတို့မိသားစုအ​ပေါ်လုပ်​ခဲ့မိသည့်​အပြစ်​တွေကို မဝံ့မရဲဖြစ်​ပြီး​ကြောက်​လန့်​နေမိ၏။
သူမှားခဲ့တာ မှန်​ပေမယ့်​ဝန်​ခံဖို့ကျ​တော့ သတ္တိကမရှိခဲ့​ပေ။
ပြီးခဲ့တာ​တွေ ပြီးခဲ့ပြီးမှ သူပြန်​အစ​ဖော်​လိုက်​လျှင်​ထောင်​ထပ်​ကျမှာက သူပဲမဟုတ်​ပါလား ...။

"စိုင်း​မောင်​..... "
သူ့နာမည်​ကို​ခေါ်သံကြားလိုက်​တာမို့ ဦးစိုင်း​မောင်​လှည့်​ကြည့်​လိုက်​တော့ မြင်​လိုက်​ရသည့်​အသံပိုင်​ရှင်​သည်​....။

အဆင့်​အတန်းမြင့်​မြင့်​အဝတ်​အစားတို့နှင့်​ခန့်​ခန့်​ညားညား လူတစ်​ယောက်​....။
ထိုလူသည်​ဦး​အောင်​သန့်​ပင်​ဖြစ်​၏။

"မင်း .... မင်း ....​အောင်​သန့်​....​အောင်​သန့်​မဟုတ်​လား .... "

"ဟုတ်​တယ်​... ငါ​အောင်​သန့်​ပဲ .... "

"မင်း ...​အောင်​သန့်​ခွေး​ကောင်​လူရုတ်​မာ .... မင်းငါ့မျက်စိေ​ရှ့ကို​ရောက်​လာရဲ​သေးတယ်​ပေါ့ ဟုတ်​လား .... ကဲကွာ .... "

ဦးစိုင်း​မောင်​က ဦး​အောင်​သန့်​ကိုမြင်​တာနဲ့​ဒေါသ​တွေကြီးပြီး ဦး​အောင်​သန့်​အင်္ကျီရင်​ဘတ်​စကို ဆုပ်​ကိုင်​လိုက်​ကာ လက်သီးနဲ့​ဆွဲထိုး​လေ​တော့၏။
ဦး​အောင်​သန့်​တစ်​ယောက်​အထိုးခံရသည့်​အရှိန်​နဲ့ယိုင်​ထွက်​သွားရသည်​။

"စိုင်း​မောင်​မင်းငါ့ကိုမြင်တာနဲ့​ဘာလို့ထိုးတာလဲ ...
ငါမင်းကို ဘာလုပ်​မိလုိ့လဲ .... "

ငါ မုန်းပါရစေ (Normal)Where stories live. Discover now