(Part - 27)

2.3K 125 0
                                    

(U&Z)

စင်္ဂပူမှာလုပ်​သည့်​မေနန်းမင်္ဂလာ​ဆောင်​ပြီးသွားခဲ့​ပေမယ့်​ပန်းနုတစ်​ယောက်​မြန်​မာနိုင်​ငံကိုမပြန်​ဖြစ်​သေး​ပေ။

"ချစ်​ခြင်း ဒီ​နေ့ငါ့ကို​သွေးသစ်​က ရည်းစားစကား​ရော လက်​ထပ်​ခွင့်​ပါ​တောင်းတယ်​..... "

ချစ်ခြင်းနဲ့ ပန်းနုနှစ်​ယောက်​သား​အိပ်​ယာဝင်​ဖို့ပြင်​ဆင်​နေစဉ်​အချိန်​တွင်​ပန်းနုက အဲ့ဒီ့စကားကို​ပြောလိုက်​လေသည်​။

"သူ​နောက်​ဆုံး​တော့ ဝန်​ခံပြီ​ပေါ့ .... "

"ဟင်​ဘာလဲ နင်​ကအစထဲက သိ​နေတာလား .... "

"အင်းဟုတ်​တယ်​ငွေ​ဆောင်​မှာထဲက ...
သူနင့်​ကိုစိတ်​ဝင်​စား​နေတာကို ငါရိပ်​မိသွားလို့ သူဝန်​ခံလိုက်​တာ ..... "

"အဲ့ဒါဆိုကြာပြီပဲ ....
အဲ့ဒါ​ကြောင့်​သူငါ့ကို အရမ်းဂရုစိုက်​ပါလားလို့ ထင်​နေတာ ....
ပြီး​တော့ ဒီ​နေ့ သူ့မိဘ​တွေနဲ့​တွေ့​ပေး​သေးတယ်​....
အဲ့ဒီ့ကအပြန်​ကျ​တော့ ငါ့ကိုသူချစ်​နေတဲ့အ​ကြောင်း ဖွင့်​ပြောလာတာ .... "

"အမှန်​တိုင်း​ပြောရရင်​သွေးသစ်​က အရင်​ကရည်းစားများတယ်​.....
နင်​နဲ့​တွေ့ပြီး​နောက်​ပိုင်းမှ နင့်​တစ်​ယောက်​ထဲကိုပဲသူကြည့်​လာတာ ..... "

"အင်း ... သူငါ့ကို​ပြောပြပါတယ်​သူအရင်​ကရည်းစားများခဲ့ဖူးတဲ့အ​ကြောင်း .... "

"သူဖွင့်​ပြော​တော့ နင်​ဘယ်​လိုပြန်​ဖြေခဲ့လဲ .... "

"သူ့လိုလူကိုငါငြင်းစရာမရှိ​ပေမယ့်​....
ငါ့ရဲ့အတိတ်​ကို သူလက်​ခံ​ပေးဖို့​တော့ လို​သေးတယ်​လို့​ပြောလိုက်​တယ်​..... "

"အဲ့ဒီ့​တော့ သူဘာ​ပြောလဲ .... "

"သူလက်​ခံနိုင်​တယ်​တဲ့ သူ့အတွက်​အဲ့ဒီ့အတိတ်​ကအ​ကြောင်း​တွေက ထည့်​စဉ်းစားဖို့​တောင်​မလိုတဲ့ ကိစ္စ​တွေပါတဲ့ ..... "

"သူ့အဲ့ဒီ့လို​ဖြေမယ်​ဆိုတာ ငါသိတယ်​...
​ငွေ​ဆောင်​မှာတုန်းက ငါသူ့ကို​ပြောခဲ့တယ်​နင့်​ကိုယ်​နင်​သေချာ​အောင်​မေးပြီးမှ ပန်းနုကိုဖွင့်​ပြောပါလို့ .....
ငါကနင့်​ကို နာကျင်​မှု​တွေထပ်​မရ​စေချင်​တော့ဘူး ပန်းနုရယ်​....
​သွေးသစ်​က လူ​ကောင်းတစ်​ယောက်​ပါ ငါအာမခံတယ်​..... "

ငါ မုန်းပါရစေ (Normal)Where stories live. Discover now