(Part - 3)

2.7K 156 0
                                    

(U&Z)

လွန်​ခဲ့​သော ဆယ်​နှစ်​ကျော်​ခန့်​က .....
( 2006 ခုနှစ်​..... )

နာကျင်စရာ အတိတ်ေ​ဟာင်းတို့၏ အစဖြစ်​တည်​ရာ​နေရာသည်​လမ်းပန်းဆက်​သွယ်​ရေး အဆင်​ပြေပြီး ဖွံ့ဖြိုးစည်​ကား​သော နယ်​မြို့​လေးတစ်​မြို့တွင်​ဖြစ်သည်​။

ထိုမြို့​လေး၏ အထက်​တန်း​ကျောင်းတစ်​ခု၌ မုန်းစားဆင်းချိန်​တွင်​.....
​ကျောင်းဝင်းထဲရှိ​သစ်​ပင်​ကြီး​တစ်ပင်​အောက်​ပတ်ပတ်လည်​တွင်​ကျောင်းသားေ​တွ ထိုင်ဖို့လုပ်ေ​ပးထားသည့်​သစ်​သားစားပွဲ​လေး​တွေရှိ​လေသည်​။
ထိုစားပွဲ​လေး​တွေထဲက တစ်​ခုတွင်​ပန်းနုရင့်​ရောင့်​နှင့်​ချစ်​ခြင်း​ဝေ​ဝေဟူ​သော ရှစ်​တန်း​ကျောင်းသူ မိန်းခ​လေးနှစ်​ယောက်​ထမင်းအတူတူ ထိုင်​စား​နေကြ​လေ၏။

"ပန်းနု နင့်​မောင်​မလာ​သေးဘူး ကြာလိုက်​တာဟာ .... "
ချစ်​ခြင်းက ပန်းနုထမင်းချိုင့်​ထဲသို့ သူမရဲ့ ဟင်းတစ်​တုံးကို ခတ်​ထည့်​ပေးလိုက်​ရင်းနဲ့​မေးလိုက်​လေသည်​။

"ဟုတ်​တယ်​ကြာလိုက်​တာ .....
သူဘာ​တွေလုပ်​နေတာလဲ မသိဘူး .....
ရင့်က​နင်​နဲ့ ဘာလို့တစ်​ခါထဲ မလိုက်​လာတာလဲ ချစ်​ခြင်း .....
နင်​တို့က တစ်​ခန်းထဲပဲ​လေ .... "

ချစ်​ခြင်းနဲ့ အလင်းရင့်​ရောင်​တို့က အခန်းတူကြသည်​။ သူတို့​ကျောင်းမှာ အမှတ်​နဲ့လိုက်​ပြီး A,B,C အခန်း​တွေ ခွဲထားကြတာဖြစ်​၏။ ရင့်နဲ့ ချစ်​ခြင်းက​အမှတ်​များပြီး စာ​တော်​သူ​တွေမို့ အတန်းAမှာ စာသင်​ရကာ အမှတ်​နည်းပြီး စာသိပ်​မ​တော်​သည့်​ပန်းနုက​တော့ အတန်းBမှာ စာသင်​ရ​လေသည်​။

"မသိပါဘူးဟယ်​....
မုန့်​စားဆင်းချိန်​ရောက်​တော့ နင်​အရင်​သွားနှင့်​ဆိုပြီး​တော့ သူကထွက်​သွားတာပဲ ဘယ်​သွားမှန်းလဲ မသိဘူး ဘာမှလဲမ​ပြောသွားဘူး ..... "

နှစ်​ယောက်​သား ရင့်​ကို​စောင့်​ရင်းတစ်​မျှော်​မျှော်​နဲ့ပဲ ထမင်းဆက်​စား​နေစဉ်​.....
သူမတို့နှစ်​ယောက် အနားသို့​ပန်းနုတို့ အတန်းထဲက​ကျောင်းသားတစ်​ယောက်​အ​ပြေးအလွှား​ရောက်​လာ၍ .....

ငါ မုန်းပါရစေ (Normal)Where stories live. Discover now