(Part - 16)

1.7K 140 2
                                    

(U&Z)

ဝန်ထမ်း​ခေါင်း​ဆောင် မမကြူက waite​ress(မိန်းခ​လေးစားပွဲထိုး) ဝတ်​စုံနဲ့အလုပ်​ကို​သေသပ်​စွာလုပ်​နေသည့်​ချစ်​ခြင်းကိုကြည့်​၍ ပြုံး​နေမိ​လေသည်​။

သူမအကျွမ်းတဝင်​မရှိသည့်​အလုပ်​တွေမို့လို့လားမသိ​ပေ။ အစပိုင်းတုန်း​တော့ အလုပ်​မှာအဆင်​မ​ပြေတာ​လေး​တွေ ရှိခဲ့​ပေမယ့်​အခု​တော့အားလုံးအ​ဆင်​ပြေ​နေပါပြီ။
ချစ်​ခြင်း​ဝေ​ဝေ​ပြောဖူးသည်​က "မလုပ်​တတ်​ပေမယ့်​လုပ်​မှဖြစ်​မည့်​အလုပ်​မို့ သူမဘာပဲဖြစ်​ဖြစ်​တတ်​အောင်​သင်​ပါ့မယ်"​တဲ့ စိတ်​ဓာတ်​လေးက​တော့ သ​ဘောကျစရာပါပဲ။

ဘယ်​သူ​တွေဘာ​ပြော​ပြော ဒီမိန်းခ​လေးကို​တော့ မမကြူ ခင်​မင်​မိပါ၏။
သူမလုပ်​ရမည့်​အလုပ်​တွေကို​ကောင်း​ကောင်းမွန်​မွန်​လုပ်​ကိုင်​တတ်​သလို​ယဉ်​လဲယဉ်​ကျေးသည်​။ သူမကို ဝန်​ထမ်းအချို့က မ​ကောင်းမြင်​နေကြ​ပေမယ့်​သူမက​တော့လူတိုင်းနဲ့ သင့်​မြတ်​အောင်​နေတတ်​၏။​ပြောရလျှင်​ချစ်​ခြင်း​ဝေ​ဝေသည်​ပေါင်းသင်းဆက်​ဆံ​ရေး​ကောင်းသူတစ်​ယောက်​ပါ။

"မမကြူ​ဘောစ့်​က ဖုန်းလှမ်းဆက်​တယ်​.....
​သူ့အတွက်​ဖျော်​ရည်​နဲ့သစ်​သီးစုံယူလာ​ပေးပါတဲ့ ..... "

Hotel Restaurant​ကောင်​တာမှတစ်​ယောက်​က Restaurantထဲမှာ ဝန်​ထမ်း​တွေရဲ့ ဝန်​ဆောင်​မှုနဲ့ဧည့်​သည်​တွေရဲ့လိုအပ်​ချက်​တွေကို လိုက်​ကြည့်​ပေး​နေသည့်​မမကြူ ကို လာ၍​ပြော​လေသည်​။

"ဟုတ်​လား​အေး​အေး ငါတစ်​ယောက်​ယောက်​ကို သွားပို့ခိုင်း​လိုက်​မယ်​.... "

"မမကြူ ....​ဘောစ့်​က ချစ်​ခြင်း​ဝေ​ဝေကိုပဲ လာပို့ခိုင်းလိုက်​တဲ့ ..... "

"ချစ်​ခြင်း​ဝေ​ဝေ ..... "

"ဟုတ်​..... "

"​ဘောစ့်​က ဘယ်​မှာလဲ .... "

"သူ့​ရေကူးကန်​မှာတဲ့ ..... "

သူ့​ရေကူးကန်​ဆိုတာက လာ​ရောက်​တည်းခိုသည့်​ဧည့်​သည်​တွေအတွက်​မဟုတ်​တဲ့ သီးသန့်​ရေကူးကန်​ကို​ပြောတာဖြစ်​၏။
ထို​ရေကူးကန်​မှာက​ဘောစ့်​အပြင်​သူ့မိသားစု သူ့မိတ်ေ​ဆွအ​ပေါင်းအသင်း​တွေအတွက်​သီးသန့်​ပြုလုပ်​ပေးထားသည့်​ရေကူးကန်​ဖြစ်​သည်​။

ငါ မုန်းပါရစေ (Normal)Where stories live. Discover now