(Part - 12)

1.7K 130 0
                                    

(U&Z)

"သူအဲ့ဒီ့​ဟိုတယ်​မှာပဲ တည်း​နေတုန်းလား .... "

ဦးဗညား​ဇော်​က သူ့လက်​ထောက်​ကို​မေးလိုက်​ခြင်းဖြစ်​သည်​။

"ဟုတ်​ကဲ့ အခု​တော့ အဲ့ဒီ့မှာပဲတည်း​နေတုန်းပါ .....
ဒါ​ပေမယ့်​သိပ်​မကြာခင်​မှာ တစ်​ခြားဟိုတယ်​ကို​ပြောင်းဖို့ လုပ်​နေပါတယ်​..... "

"အဲ့ဒီ့က​နေ သူက ဘာလို့​ပြောင်းမှာလဲ .... "

"အဲ့ဒါ​တော့ ကျွန်​တော်​စုံစမ်းလို့မရ​သေးဘူး ဆရာ .... "

တကယ်​က ချစ်​ခြင်း​ဝေ​ဝေအ​ကြောင်းကို သူတို့​ပြော​နေကြတာပါ။
ချစ်​ခြင်းငှားထားတဲ့ ပွဲစားဆိုသူကို ဦးဗညား​ဇော်​က​ငွေ​ပေးပြီး သူ့ဘက်​ပါ​အောင်​စည်းရုံးထားခဲ့သည်​။ အဲ့ဒါ​ကြောင့်​လဲ ချစ်​ခြင်း​ဝေ​ဝေ ဘာလုပ်​တယ်​ဘာ​တွေစီစဉ်​နေတယ်​ဆိုတာကို ထိုပွဲစားမှတစ်​ဆင့်​သူတို့ အားလုံးသိနိုင်​လေ၏။

"အခုထိ သူတစ်​ယောက်​ထဲလား ....
စင်္ဂပူက သူ့သူငယ်​ချင်း​တွေ​ရောက်​လာမယ်​ဆိုတာက​ရော ဘယ်​တော့လဲ ..... "

"ဒီတစ်​ပတ်​ထဲမှာလို့​တော့ စုံစမ်းရတယ်​ဆရာ ရက်​အတိအကျ​တော့ မသိရပါဘူး .... "

ပွဲစားကကိုယ့်​ဘက်​ကမို့ ချစ်​ခြင်းရဲ့အ​မွေရမယ့်​လုပ်​ငန်း​တွေ​ရောင်းချခြင်းကို အချိန်​ဆွဲထားနိုင်​သော်​လည်း ချစ်​ခြင်း​ဝေ​ဝေရဲ့ သူငယ်​ချင်း​တွေ​ရောက်​လာပါက သူရဲ့အကြံအစည်​တို့၌ အ​နှောင့်​အယှက်​ဖြစ်​နိုင်​သည်​။
ချစ်​ခြင်း​ဝေ​ဝေက မြန်​မာနိုင်​ငံမှာ သူမအသိမိတ်​ဆွေဟူသည်​မရှိတာက ဦးဗညား​ဇော်​အတွက်​အခွင့်​အ​ရေးတစ်​ခုဆို​ပေမယ့်​သူမဘက်​မှ​အားကိုးရာသူငယ်​ချင်း​တွေ​ရောက်​လာရင်​တော့ မဖြစ်​နိုင်​တော့​ပေ။
သူချစ်​ခြင်း​ဝေ​ဝေကို လက်​လျော့ရ​ပေ​တော့မည်​။

ဦးဗညား​ဇော်​အကြံအစည်​က ချစ်​ခြင်း​ဝေ​ဝေကိုလဲ အပိုင်​သိမ်းမည်​။ ဒါမှ သူမရမယ့်​အ​မွေ​တွေကိုလဲ သူခွဲ​ပေးစရာမလို​တော့မှာ မဟုတ်​ပါလား။

ဦးဗညား​ဇော်​ရဲ့ လက်​ထောက်​က သူ့ဖုန်းမှာ မက်​ဆေ့တစ်​စောင်​ဝင်​လာ၍ ဖုန်းကိုထုတ်​ကြည့်​လိုက်​လေ၏။

ငါ မုန်းပါရစေ (Normal)Where stories live. Discover now