(Part - 18)

1.7K 122 1
                                    

(U&Z)

​နောက်​သုံးရက်​လောက်​ကြာ​တော့ မြန်​မာပြည်​သို့​သွေးသစ်​နဲ့​မေနန်းတို့​ရောက်​လာကြ​လေ​သည်​။

မ​ရေမရာ အ​ကြောင်းကိစ္စ​တွေကို ဆင်​ခြေ​ပေးပြီး သူတို့ကိုလိုက်​မလာခဲ့ဖို့​ဖုန်းလှမ်း​ဆက်​သည့်​ချစ်​ခြင်းကို​သွေးသစ်​က မယုံသကာင်္ဖြစ်​နေခဲ့သည်​။
ချစ်​ခြင်းဖုန်းကိုေ​ခ်ါမရ၍​နောက်ဆုံးသူမလှမ်း​ခေါ်ထားသည့်​ဖုန်းကိုဆက်​ကြည့်​တော့လဲ "အလင်းရင့်​ရောင်​"ဆိုသည့်​ပုဂ္ဂိုလ်​ဆီမှာ ချစ်​ခြင်း​ဝေ​ဝေ အ​ကြောင်းကို ဘာမှ​သေချာစွာ မသိခဲ့ရ​ပေ။
ထို့​ကြောင့်​ပိုစိတ်​ပူပြီး ချစ်​ခြင်းရှိရာသို့ အမြန်​ဆုံးလိုက်​လာရ​လေ​တော့သည်​။

သူတို့​ရောက်​လာတာက ချစ်​ခြင်းတည်း​နေသည်​ဟု သူတို့သိထားရသည့်​L&P Hotelကိုဖြစ်​၏။
သို့​သော်​ဒီ​ရောက်​တော့ ပြသနာကစ​လေသည်​။

"ဘာ .... မသိဘူးဟုတ်​လား .....
ဟိုတယ်​မှာတည်း​နေတဲ့ ဧည့်​သည်​တစ်​ယောက်​ပျောက်​နေတာအ​တော်​ကြာပြီကို မသိဘူးဆို​တော့ ဒီဟိုတယ်​က ဘာလဲ .....
မင်းတို့ဟိုတယ်​မှာ တာဝန်​ရှိတယ်​မဟုတ်​ဘူးလား .....
ဧည့်​သည်​ပျောက်​နေရင်​ရဲစခန်းနဲ့ သူ့မိသားစု မိတ်ေ​ဆွသူငယ်ချင်း​တွေကို လှမ်းဆက်သွယ်ပြီး​အ​ကြောင်းကြားရမှာ မဟုတ်​ဘူးလား .....
ဒီလိုပဲ​တိတ်​နေလို့ရမလား ..... "

​သွေးသစ်​က ဧည့်​ကြို ဌာနက ဝန်​ထမ်း​တွေကို စိတ်​တိုတိုနှင့်​ပြော​နေ​လေ​တော့သည်​။

"​သွေးသစ်​တော်​တော့​လေဟယ်​....
ပြသနာကို​အေး​ဆေး​ဖြေရှင်းစမ်းပါ ..... "

​မေနန်းလဲ ချစ်​ခြင်းကိုစိတ်​ပူ​ပေမယ့်​သွေးသစ်​လောက်​တော့​သွေးပူမ​နေပါ​ချေ ။​မေနန်းက တစ်​ဆင့်​ချင်း လုပ်​ရမှာ​တွေကိုပဲ တွက်​၏။ ဒါမှချစ်​ခြင်းကို သူမတို့ရှာနိုင်​ပါလိမ့်​မည်​။

"ဟ ... ဒါ​အေး​ဆေးရမယ့်​ကိစ္စမဟုတ်​ဘူး​မေနန်းရဲ့ .....
သူတို့က တာဝန်​ပေါ့​လျော့တာ .....
ကဲ​ပြော ဒီဟိုတယ်​ရဲ့ တာဝန်​ရှိသူဘယ်​မှာလဲ သူ့ကိုခေါ်​ပေး အခု​ခေါ်​ပေး ..... "

ငါ မုန်းပါရစေ (Normal)Where stories live. Discover now