(Part - 5)

2.3K 143 1
                                    

(U&Z)

( 2006 ခုနှစ်​၏ ဆိုးရွား​သော ကြံစည်​မှုတစ်​ခု ..... )

ဦးမင်း​ဝေ​ဝေ တစ်​ယောက်​လုပ်​ငန်းအပြိုင်​အဆိုင်​ကိစ္စ​တွေ​ကြောင့်​လပိုင်းအတွင်းမှာပင်​သူ့လုပ်​ငန်း​တွေ စီးပွား​ရေး​တွေက ယိမ်းယိုင်​သွားခဲ့ရသည်​။
အ​ကြွေးအနည်းငယ်​တင်​သွားခဲ့ရတာမို့ ကိုယ်​ရစရာရှိတဲ့​ငွေ​တွေနဲ့​ငွေဝင်​နိုင်​မယ့်​နည်းလမ်း​တွေကို​တွေး​တော့ကြံဆရင်း အထည်​စက်ရုံ၏​ငွေ​ကြေးနှစ်​ချုပ်​စာရင်း​တွေကို ပြန်​ကြည့်​နေမိ​လေသည်​။
ပြသနာက အဲ့ဒီ့မှာသွား​တွေ့​လေ၏။​ငွေစာရင်းကွာ​နေတာ​တွေကို ဦးမင်း​ဝေ​ဝေသွား​တွေ့​လေသည်​။

"​ငွေစာရင်း​တွေကွာ​နေပါလား ....
ဒါ​တွေက ဘယ်​လိုဖြစ်​တာလဲ ..... "

ဦးမင်းေ​ဝ​ဝေက သူ့ရဲ့မန်​နေဂျာဖြစ်​သူ စိုင်း​မောင်​ကို ဒီစာရင်း​တွေလုပ်​ခိုင်းခဲ့တာဖြစ်​သည်​။ ယုံကြည်​ရသည့်မန်နေဂျာ​မို့ စာရင်း​တွေကို သူပြန်​မစစ်​မိ​ပေ။ အခုမှ ဒါ​တွေသွား​တွေ့​တော့ စိုင်း​မောင်​ကို စကား​ပြောဖို့ လိုအပ်​လာပြီမို့ ဦးမင်း​ဝေ​ဝေ စိုင်း​မောင်​ရှိသည့်​ရုံးခန်းသို့ လာခဲ့​လေ၏။

သို့​သော်​မန်​နေဂျာ​စိုင်း​မောင်​၏ ရုံးခန်းအဝင်​ဝသို့အ​ရောက်​တွင်​ဖုန်းဆက်​ပြော​နေသည့်​စိုင်း​မောင်​ရဲ့ စကားသံတို့ကိုကြား၍ ဦးမင်း​ဝေ​ဝေတစ်​ယောက်​ခြေလှမ်းတို့က​ရှေ့မဆက်​ဖြစ်​တော့ပဲ ရပ်​တန့်​သွားခဲ့ရ​လေသည်​။

"​ကို​အောင်​သန့်​ခင်​ဗျားဒီကို ဘာလာလုပ်​တာလဲဗျာ ....
ဦးမင်း​ဝေ​တွေ့သွားမှာ​ပေါ့ .... "

" ... ... ... ... ... ... "

"​ပြောစရာရှိရင်​ကျွန်​တော်​တို့ ဆုံ​နေကြ​နေရာမှာပဲ လာ​တွေ့ပါလား ဘာလို့ ကျွန်​တော့်​အလုပ်​ထိကို လိုက်​လာရတာလဲ .... "

" ... ... ... ... ... ... ... "

"​ကောင်းပြီ​ကောင်းပြီ​ကျွန်​တော်​အခုပဲဆင်းလာခဲ့မယ်​ခင်​ဗျားခဏ​စောင့်​နေ ..... "

မန်​နေဂျာစိုင်း​မောင်​က မလုံမလဲနဲ့​ဘေးဘီဝဲယာကို တစ်​ချက်​ဝေ့ကြည့်​လိုက်​ပြီး​နောက်​သူ့ရုံးခန်းထဲမှ ထွက်​ဖို့ပြင်​လေသည်​။ ဦးမင်း​ဝေ​ဝေလဲ စိုင်း​မောင်​သူ့ကိုမမြင်​အောင်​လို့​ထောင့်ကွယ်​နေရာတစ်ခုသို့​အမြန်​ဝင်​၍ ကွယ်​နေလိုက်​လေ၏။

ငါ မုန်းပါရစေ (Normal)Where stories live. Discover now