(Part - 24)

1.9K 121 0
                                    

(U&Z)

ရင့်​နဲ့ပန်းနုတို့ စံမဒီတို့ဆီမှပြန်​လာ​တော့ ရင့်​ရဲ့ဦးတည်​ရာက ချစ်​ခြင်းရှိသည့်​နေရာသို့ဖြစ်​လေ၏။

"ရင့်​နင်​ချစ်​ခြင်းနဲ့​တွေ့ဦးမလို့လား .... "
ပန်းနုက​မေးလိုက်​လေသည်​။

"ဟုတ်​တယ်​.... "

"ငါနင့်​ကိုလာ​ခေါ်တုန်းက နင်​အလုပ်​တွေရှုပ်​နေတာမဟုတ်​ဘူးလား ....
အဲ့ဒီ့အလုပ်​တွေကို သွားပြန်​လုပ်လိုက်​လေ ....
ငါချစ်​ခြင်းနဲ့ သွား​တွေ့လိုက်​မယ်​.... "

စံမဒီတို့ ချစ်​ခြင်းကို​ခေါ်​တွေ့သည့်​အ​ကြောင်း သူမရင့်​ကိုသွား​ပြောတုန်းက ရင့်​အလုပ်​တွေရှုပ်​နေခဲ့တာဖြစ်​သည်​။
ပြသနာကို သူမ​ပြောလိုက်​တော့ ရင့်​က သူ့အလုပ်​တွေကိုထားခဲ့၍ ချက်​ချင်းထလိုက်​လာခဲ့တာဖြစ်​၏။

"ရတယ်​မလိုဘူး အဲ့အလုပ်​တွေ ငါ​နောက်​မှလုပ်​လို့ရတယ်​.....
ငါအခုသူနဲ့​တွေ့ရမှဖြစ်​မယ်​.... "

ရင့်​က ဘာကို​အ​ရေးကြီးမှန်းမသိ​ပါ။​ခြေလှမ်း​တွေက သွက်​လွန်း​နေ၏။ ပန်းနုသူ့​နောက်​က​နေ မှီ​အောင်​လိုက်​နေရ​လေသည်​။

ဘန်​ဂလိုအိမ်​လေး​ရှေ့သို့ ပန်းနုနဲ့ရင့်​ရောက်​လာတော့ အိမ်​ထဲက​နေ​သွေးသစ်​နဲ့​မေနန်းက ထွက်​လာကြတာနဲ့သွားဆုံ၏။

"ဘာလို့ထွက်​လာကြတာလဲ ချစ်​ခြင်း​ရော သူအဆင်​ပြေရဲ့လားဟင်​.... "
ပန်းနုက သူတို့နှစ်​ယောက်​ကိုကြည့်​၍​မေးလိုက်​လေသည်​။

"​သူတစ်​ယောက်​ထဲ​နေချင်​တယ်​ဆိုလို့ ငါတို့ထွက်​လာ​ပေးတာ ....
အထဲမှာ ချစ်​ခြင်း ငို​နေတယ်​.... "
​မေနန်းက မျက်​နှာမ​ကောင်းသလို​သွေးသစ်​ကလဲစိတ်​တို​နေပုံရသည်​။​

"ငို​နေတယ်​ဘာလို့ငို​နေတာလဲ .... "
ရင့်​က ချစ်​ခြင်းငို​နေတယ်​ဆိုတဲ့ စကား​ကြား​တော့ ချက်​ချင်းပြန်​မေး​လေသည်​။

"ဘာလို့ငို​နေတာလဲလို့​မေးဖို့လို​သေးလို့လား ....
အ​ပြောအဆိုလဲခံရ​သေးတယ်​.....
အရိုက်​လဲခံရ​သေးတာကို မငိုလို့ ရယ်​နေရမှာလား .... "

ငါ မုန်းပါရစေ (Normal)Where stories live. Discover now