(Part - 19)

1.7K 119 2
                                    

(U&Z)

"​ဘောစ့်​မမ​လေးပန်းနုတို့​ရောက်​လာကြပါပြီ .... "
မန်​နေဂျာကိုထင်​လင်းက ရင့်​ကို အ​ကြောင်းလာကြား​လေ၏။
ရင့်​ဘေးမှာ ချစ်​ခြင်းလဲရှိ​နေ​လေသည်​။ ပန်းနုတို့​ရောက်​လာပြီဆိုတာကိုကြား​တော့ ရင့်​နဲ့ချစ်​ခြင်း တစ်​ယောက်​မျက်​နှာတစ်​ယောက်​ကြည့်​မိကြ၏။

"သူတို့အခုဘယ်​မှာလဲ .... "

"သူတို့ကား​ရောက်​ရောက်​ချင်း​ဘောစ့်​ကိုအသိလာ​ပေးတာပါ အခု​လောက်​ဆိုရင်​ဒီကိုလိုက်​လာ ....
​ဟော​ပြောရင်းနဲ့ ဒီကို​တောင်​ရောက်​လာကြပြီ ..... "
ဂျာကြီးက ဖွင့်​ထားသည့်​ပြတင်း​ပေါက်​က​နေ အပြင်​ဘက်​ကို လှမ်းကြည့်​၍​ပြောလိုက်​လေသည်​။ ပြီး​တော့ ပန်းနုတို့ကို သူကပဲ အခန်းတံခါးဖွင့်​ပေးလိုက်​၏။

ရင့်​တို့ရှိ​နေသည့်​ဘန်​ဂလိုအိမ်​လေးထဲသို့ ပန်းနုနဲ့ ချစ်​ခြင်းသူငယ်​ချင်း​တွေ​ရောက်​လာကြ​တော့ .....

" ရင့်​..... ချစ်​ခြင်း ..... "
ပန်းနုက သူ့​မောင်​နဲ့ မိန်းခ​လေးတစ်​ယောက်​ကိုမြင်​တာနဲ့ ချစ်​ခြင်း​ဝေ​ဝေပဲဟု သိလိုက်​၏။ သူမ,သိသည့်​ချစ်​ခြင်းနဲ့မျက်​နှာ​လေးကို ခန့်​မှန်းကြည့်​လိုက်​တာပဲဖြစ်​သည်​။

"ချစ်​ခြင်း .... "
​"ချစ်​ခြင်း .... "

​သွေးသစ်​နဲ့​မေနန်းကလဲ ချစ်​ခြင်းကိုမြင်​တော့​ပျော်​သွားကြ​လေသည်​။ ပြီး​တော့ ချစ်​ခြင်း​ဘေးမှ​ယောကျာင်္းတစ်​ယောက်​ကိုမြင်​တော့ ဒါ အလင်းရင့်​ရောင်​ဆိုတဲ့ တစ်​ယောက်​မှန်းသူတို့သိလိုက်​ကြ၏။ ပန်းနုရင့်​ရောင်​နဲ့ ရုပ်​ချင်းဆင်​နေတာပဲမို့။

"ချစ်​ခြင်း နင်​ကငါသိတဲ့​ချစ်​ခြင်း​ဝေ​ဝေမှတ်လား ..... "

ပန်းနုက သူမအနားသို့​ရောက်​လာခဲ့ကာ ချစ်​ခြင်းလက်​လေးကိုဆုပ်​ကိုင်​၍​မေး၏။
ချစ်​ခြင်းကလဲ မျက်​ရည်​အချို့နဲ့ အပြုံးယဲ့ယဲ့​လေးအချို့နဲ့ ပန်းနုလက်​လေးကို ပြန်​ဆုပ်​ကိုင်​ထားရင်း​ခေါင်းညိတ်​မိသည်​။

"ချစ်​ခြင်းရယ်​.....
လွန်ခဲ့တဲ့ဆယ်နှစ်က​ဘာလို့ငါတို့ကို အသိမ​ပေးပဲ ထွက်​သွားခဲ့ရတာလဲဟာ .....
တကယ်​ဆို နင်​ဒီလိုမလုပ်​သင့်​ဘူး .....
ငါနင့်​ကို အရမ်းလွမ်း​နေခဲ့တာ ...... "

ငါ မုန်းပါရစေ (Normal)Onde as histórias ganham vida. Descobre agora