(Part - 15)

1.8K 138 6
                                    

(U&Z)

ချစ်​ခြင်း ဘန်​ဂလိုအခန်းထဲဝင်​လာ​တော့ အထဲမှာ ရင့်​ရှိမ​နေပါ​ချေ။
ရင့်​မရှိတာသိလိုက်​တော့ သူမ​ရေချိုးဖို့အတွက်​အ​ပြေးအလွှားလုပ်​ရ​တော့၏။
သူမရဲ့​ရေချိုးအဝတ်​အစားလဲချိန်​သည်​ရင့်​အခန်းထဲမှာမရှိသည့်​အချိန်​တွေမှာပဲဖြစ်​လေသည်​။

​ရေချိုးပြီး အဝတ်​အစားလဲတာကအစ​ရေချိုးခန်းထဲမှာပဲ သူမအပြီးလုပ်တာဖြစ်​ပေမယ့်​လဲ အခန်းမှာ ရင့်​ရှိ​နေလျှင်​သူမစိတ်​မလုံ​ပေ။ အဲ့ဒါကလဲ ရင့်​ကို မယုံကြည်​တာမျိုး​တော့မဟုတ်ပါ။​ဘာမှန်းမသိသည့်​ရှက်​စိတ်​ကြောင့်​သူရှိ​နေလျှင်​သူမ​ရေမချိုးဖြစ်​ပေ။
ညဘက်​အိပ်​ယာထဝင်​ခါနီးတိုင်း​ရေချိုးတတ်​သည့်​သူမသည်​ဒီ​ရောက်​တော့မှ မလုပ်​ဖြစ်​တော့တာ ကြာခဲ့ပြီ​ပေါ့။

ရင့်​က​တော့​ယောကျာင်္း​လေးမို့လို့လား မ​ပြောတတ်​ပေ။ သူမ,ရှိ​နေလဲ သူ,​ရေချိုးချင်​ချိုးသည်။​အဝတ်​အစားလဲချင်​လဲ၏။
ထိုအချိန်​တွေတိုင်း သူမကပဲ အပြင်​ထွက်​နေ​ပေးရ​လေသည်​။

ရင့်​ပြန်​ရောက်​မလာခင်​လေး ခပ်​မြန်​မြန်​ပြီး​အောင်​လုပ်​ရမည်​ဟု​တွေးပြီး သူမ​ရေချိုးခန်းထဲဝင်​လိုက်​သည်​။​
ပြီး​နောက်​ရေမချိုးခင်မှာ​သူမသွားအရင်​တိုက်​နေမိ၏။

ထိုအချိန်​တွင်​ရင့်​က အခန်းထဲသို့ပြန်​ရောက်​လာခဲ့​လေသည်​။
အခန်းထဲမှာ ချစ်​ခြင်းကိုမ​တွေ့​တော့ ပြန်​မ​ရောက်​သေးဘူးဟုပဲ ရင့်​ထင်​လိုက်​မိ၏။
Toilet ဝင်​ဖို့​ရေချိုးခန်းဘက်​သို့ ရင့်​ရောက်​လာခဲ့ကာ တံခါးကိုဆွဲဖွင့်​လိုက်​လေသည်​။

"အမ​လေး ... "

"အာ ...​ဆောရီး ... "

ရင့်​က​ရေချိုးခန်းထဲတွင်​အဖြူ​ရောင်​bathrobe(​ရေချိုးဝတ်​ရုံ)နှင့်​သွားတိုက်​နေသည့်​ချစ်​ခြင်းကိုမြင်​တော့ ချက်​ချင်းပင်​တံခါးကိုပြန်​ပိတ်​လိုက်​လေသည်​။
ရင့်​လဲ သူမကိုမြင်​တော့ လန့်​သွားသလို ချစ်​ခြင်းလဲလန့်​သွားရ၏။ သို့​သော်​ချစ်​ခြင်းက သူ့ထက်​ပိုပါ၏။

ငါ မုန်းပါရစေ (Normal)Where stories live. Discover now