(Part - 10)

2K 135 0
                                    

(U&Z)

ရင့်​က သူ့အလုပ်​တွေနဲ့ အလုပ်​ရှုပ်​နေတုန်းမှာပင်​သူ့ရုံးခန်းထဲသို့ ဝင်​လာသူကို​မော့ကြည့်​မိသွားရ၏။
ဝင်​လာသူက သူ့အစ်​မ ပန်းနုရင့်​ရောင်​ပါ။

"ပန်းနု နင်​လာတာလား .....
ဒီကိုလာမယ်​ဆိုရင်​လဲ ကြိုမ​ပြောဘူး .... "

"ဘာကိုကြို​ပြောရမှာလဲ ရင့်​ရယ်​....
ခါတိုင်းလဲ ဒီလိုပဲ ငါလာ​နေကြလေ ..... "

"မဟုတ်​ပါဘူး .... ဟိုဟာ ငါရှိမ​နေတဲ့အချိန်​နဲ့ နင်​ရောက်​လာတဲ့အချိန်​တိုက်​နေမှာစိုးလို့ ငါက​ပြောတာပါ ....."

"နင်​မရှိလဲ ဘာဖြစ်​လဲ ....
ငါဝိုင်းကူလို့ရမယ့်​အလုပ်​လေး​တွေ လုပ်​ပြီးနင့်​ကို စောင့်​နေမှာ​ပေါ့ ..... "

အမှန်​တော့ ရင့်​အခုရှိ​နေသည့်​L&P hotelမှာ ချစ်​ခြင်း​ဝေ​ဝေရှိ​နေ၍ ပန်းနု​ရောက်​လာတုန်း သူမတို့နှစ်ေ​ယာက်​အမှတ်​မထင်​တွေ့သွားမှာကို ရင့်​စိုးရိမ်​နေတာပဲဖြစ်​၏။
ချစ်​ခြင်းက အားလုံးကို​မေ့ပြီး သူမဘဝကို​ပျော်​ရွှင်​အေးချမ်းစွာ​နေနိုင်​နေ​ပေမယ့်​ပန်းနုက​တော့ ချစ်​ခြင်းကိုပြန်​တွေ့လျှင်​သူမအတိတ်​ဟောင်း​တွေကို ပြန်​တွေးမိပြီး စိတ်​အ​နှောင့်​အယှက်​ဖြစ်​သွားမလားဟု ရင့်​သံသယဝင်​မိ​လေသည်​။ ဒါ​ကြောင့်​ချစ်​ခြင်း​ဝေ​ဝေနဲ့ တစ်​နေရာထဲမှာ ရှိ​နေတာ​တောင်​ရင့်က​ပန်းနုကို​ပြောမပြဖြစ်​ပေ။
မ​ပြောတာအ​ကောင်းဆုံးဟုထင်​မိ၏။

ရင့်​တို့ရဲ့ L&P hotelမှာ ချစ်​ခြင်း​ဝေ​ဝေ ဧည့်သည်အဖြစ်​လာ​ရောက်​တည်းနေသည်​ကို ချစ်​ခြင်းအ​ကြောင်းကို လိုက်​စုံစမ်းရင်းနဲ့ သူသိခဲ့ရ​လေသည်​။
သိသိချင်း သူလဲ တိုက်​ဆိုင်​မှုကို အံ့သြခဲ့ရသည်​။ ဒီတိုက်​ဆိုင်​မှု​တွေက သူ့ကို ချစ်​ခြင်းနဲ့မျက်​နှာချင်းဆိုင်​တွေ့ဆုံဖြစ်​ဖို့ အ​ကြောင်းဖန်​နေတာပဲဖြစ်​ပါမည်​။

အဲ့ဒါ​ကြောင့်​လဲ ချစ်​ခြင်းကို ဧည့်​သည်​ပုံစံနဲ့သွား​တွေ့ဖို့ သူကြိုးစားခဲ့သည်​။ သို့​သော်​ချစ်​ခြင်းက သူ့နာမည်​ကြားတာနဲ့တင်​မသိပါဘူးဟု​ပြော​လေ၏။
တကယ်​မသိတာလား မသိချင်​ယောင်​ဆောင်​တာလား ဘာမှန်းမသိ​ပေမယ့်​သူ ချစ်​ခြင်းနဲ့​နောက်​တစ်​ကြိမ်​တွေ့ဖို့လုပ်​မိဦးမှာပါ။ ဒီတစ်​ခါမှာ​တော့ ဧည့်​သည်​အ​နေနဲ့ မဟုတ်​တော့​ပေ။

ငါ မုန်းပါရစေ (Normal)Όπου ζουν οι ιστορίες. Ανακάλυψε τώρα