(Part - 4)

2.2K 158 5
                                    

(U&Z)

(အ​သေးအမွှား ပြသနာ​လေးတစ်​ခုမှ စခဲ့သည့်​
2006 ခုနှစ်​၏ ရန်​ပွဲငယ်​လေး တစ်​ခု ..... )

ဒီ​နေ့ ချစ်ခြင်းနဲ့​ကစားကွင်း​မှာဆုံဖို့ ချိန်းထားတာမို့ ရင့်​နဲ့ ပန်းနုတို့​မောင်​နှမနှစ်​ယောက်​ရောက်​လာခဲ့​လေသည်​။
သူတို့​ရောက်​လာ​တော့ ချစ်​ခြင်းက ကစားကွင်း​ရှေ့မှာပဲ ရှိ​နေ​လေသည်​။
ရင့်​နဲ့ ပန်းနုက ချစ်​ခြင်းကို မြင်​တော့ လက်​လှမ်းပြလိုက်​ပြီး ပြုံးပြုံးရယ်​ရယ်​နှင့်​နှုတ်​ဆက်​လိုက်​ကြ​သော်​လည်း .....
ချစ်​ခြင်းက​တော့ သူတို့​မောင်​နှမ​ရောက်​လာတာကို မြင်​တာ​တောင်​မပြုံးမရယ်​ခပ်​တည်​တည်​လေးနှင့်​ဒီတိုင်းပဲ ရပ်​နေခဲ့​လေသည်​။

"ချစ်​ခြင်း ... နင်​ဘာဖြစ်​နေတာ .... "

"​အေး​လေ ... မျက်​နှာကလဲ မကြည်​မလင်​နဲ့ ဘာဖြစ်​တာလဲ .... "

"ဘာမှမဖြစ်​ပါဘူးလို့​ပြောရင်​လိမ်​ရာကျ​နေဦးမယ်​.....
တကယ်​က ငါ​ပြောစရာရှိလို့ နင်​တို့နဲ့လာ​တွေ့တာ ..... "

"ငါတို့ကို ဘာ​ပြောမလို့လဲ နင်​က .... "

ချစ်​ခြင်း အမူအရာက ပျက်​ယွင်း​နေပြီး တစ်​စုံတစ်​ခု​ပြောဖို့အတွက်​ပြောမထွက်​သည့်​ပုံစံမျိုး။

"ငါ​နောက်​ဆို နင်​တို့နဲ့ မ​တွေ့​တော့ဘူး .... "

"ဘာ .... "

"ဘာလို့လဲ ချစ်​ခြင်းရယ်​.... "

"ငါ့အ​ဖေက နင်​တို့နဲ့ အ​ပေါင်းအသင်းမလုပ်​ဖို့​ပြောတယ်​.... "

"အဲ့ဒါဘာဖြစ်​လဲ .....
အရင်​ကလဲ ဒီလို​ပြော​နေကြပဲ​လေ ....
အထူးအဆန်းလုပ်​ပြီး​ပြော​နေ​သေးတယ်​...."
ရင့်​က ချစ်​ခြင်းကို ကြည့်​၍ နားမလည်​နိုင်​စွာ​ပြောလိုက်​၏။

"အခုတစ်​ခါက အရင်​ကနဲ့ မတူ​တော့ဘူး .....
ငါ့အ​ဖေ အရမ်းစိတ်​တို​နေတယ်​.....
ဒီတစ်​ခေါက်​ငါ့အ​ဖေလုပ်​မယ့်​အလုပ်​တစ်​ခုကို နင်​တို့အ​ဖေက အကြီးအကျယ်​ဝင်​နှောင့်​ယှက်​လို့ ငါ့အ​ဖေ စီးပွား​ရေး​တွေ ယိုင်​သွားတယ်​လို့​ပြောတယ်​
ငါလဲသိပ်​တော့နားမလည်​ဘူး ..... "

ငါ မုန်းပါရစေ (Normal)Kde žijí příběhy. Začni objevovat