(Part - 17)

1.7K 131 3
                                    

(U&Z)

ချစ်​ခြင်း အိပ်​နေ​သည့်​တစ်​ဖက်​အခန်းထဲမှ ငိုသံလိုလိုညည်းသံလိုလို ကြား​လိုက်​ရ၍ ရင့်​နားစွင့်​မိသွားရသည်​။ ညနက်​တဲ့အထိ သူ့အခန်းထဲမှာ အလုပ်​တွေလုပ်​နေတာမို့ ညဆယ့်​တစ်​နာရီထိုးတာ​တောင်​ရင့်​မအိပ်​ဖြစ်​သေး​ပေ။

ဘန်​ဂလိုအိမ်​လေးက အခန်းနှစ်​ခန်းရှိကာ အခန်းနှစ်​ခုက ကပ်​လျက်​ပဲဖြစ်​သည်​။ ထို့​ကြောင့်​ချစ်​ခြင်းအသံကို သူအတိုင်းသားကြား​နေမိ၏။

ည​နေက မမကြူ​ပြောပြလို့ ချစ်​ခြင်း​နေသိပ်​မ​ကောင်းဘူးဟု​တော့ သူကြားမိသည်​။​ရေကူးကန်​ထဲပြု တ်​ကျလိုက်​တော့ သူမပိုများ​နေမ​ကောင်းဖြစ်​နေတာလားလို့လဲ လူက​တွေးမိသွားရသည်​။
ချစ်ခြင်းဆီသို့​သွားဖို့ မသွားဖို့​စဉ်းစား​မိ​နေရင်းနဲ့​နောက်​ဆုံး​တော့ အခန်းထဲက​နေ ထွက်​လိုက်​ကာ ချစ်​ခြင်းအခန်း​ရှေ့သို့ သူ​ရောက်​သွားရသည်​။

"​ဒေါက်​...​ဒေါက်​.... "

"ချစ်​ခြင်း .... ချစ်​ခြင်း .... နင်​ဘာဖြစ်​နေတာလဲ .....
​နေမ​ကောင်းလို့လား ..... "

ဘာမှပြန်​မ​ဖြေ​ပေ။ တံခါးကိုတွန်းဖွင့်​ကြည့်​တော့လဲ​လော့မချထားတာမို့ သူဝင်​ခဲ့လိုက်​သည်​။
အထဲမှာ မီးပိတ်ထားတာေ​ကြာင့်​မှောင်​နေတာမို့​သူမီးဖွင့်​လိုက်​လေသည်​။
အလင်း​ရောင်​နဲ့ ချစ်​ခြင်းကို သူ​ကောင်း​ကောင်းမြင်​လိုက်​ရ၏။ ကုတင်​ပေါ်မှာ​တ​စောင်း​လေးလှဲအိပ်​နေသည့်​သူမသည်​ညည်း​သံသဲ့သဲ့နှင့်​။

သူမနဖူး​လေးကိုဖိစမ်းလိုက်​တော့ ကိုယ်​တွေတအားပူ​နေ​လေ၏။

"ကိုယ်​တွေ​တော်​တော်​ပူ​နေတာပဲ .... "

သူမဒီလိုဖြစ်​ရတာ သူ့​ကြောင့်​ပဲမို့ လူကစိတ်​ပူမိသွားရသည်​။ ပြီး​တော့ ကိုယ့်​ကိုကိုယ်​လဲ စိတ်​တိုသွားမိ၏။

"ရင့်​ရာ မင်း​ပြော​တော့ သူ့ကိုမုန်းတယ်​ဆို ....
အခုဘာကိုစိတ်​တို​နေရပြန်​တာလဲ ..... "

ကိုယ့်​ကိုကိုယ်​အလိုမကျစွာ အပြစ်​တင်​မိပြန်​သည်​။ ည​နေကအဖြစ်​ကို သူ့ကိုသူလဲ နားမလည်​နိုင်​ပေ။ ချစ်​ခြင်းကို သူအမိအရဖမ်းဆွဲထားမိတာက စိုးရိမ်​လို့ သူမထိခိုက်​သွားမှာစိုးလို့ ဒါကရုတ်​တရက်​ဖြစ်​ပေါ်လာ​သောစိတ်​ပဲဖြစ်​၏။
​နောက်​မှ ငါကသူ့ကိုမုန်း​နေတဲ့သူဟု ကိုယ်​ကိုကိုယ်​ဆင်​ခြင်​မိရင်း သူမကို​ရေထဲလွှတ်​ချခဲ့မိသည်​။

ငါ မုန်းပါရစေ (Normal)Where stories live. Discover now