(Part - 2)

3.6K 186 2
                                    

(Z&U)

သူအိမ်​ထဲသို့ ဝင်​လာတာနှင့်​မမ​ဇင်​က သူ့လက်​ထဲက အိတ်​တွေ​ဖိုင်​တွဲ​တွေကို သယ်​ပေးဖို့ လာယူ​လေသည်​။
သူက မမ​ဇင်ကို​လက်​ကာပြလိုက်​ရင်း .....

"ရတယ်​မမဇင်​ကျွန်​တော့်​ဘာသာပဲ  ယူသွားလိုက်​တော့မယ်​.....
​ဖေ​ဖေ​ရော ပြန်​ရောက်​ပြီလား .... "

"မ​ရောက်​သေးဘူး​မောင်​လေး .... "
ရင့်​မောင်​လေး ဘာ​သောက်​ဦးမလဲ မမဇင်​တစ်​ခုခု သွားယူ​ပေးရမလား ...... "

သူ, အပြင်​တစ်ေ​နရာရာက​နေ ပြန်​လာရင်​အ​မော​ပြေ​သောက်​နေကျရယ်​လို့ သတ်​မှတ်​ထား​လေ့မရှိ​သော်​လည်း စိတ်​ပါရင်​ပါသလို​သောက်​ချင်​တာ​ကို သောက်​တတ်​ပါသည်​။ ဒါ​ကြောင့်​လဲ မမ​ဇင်​က ဘာယူ​ပေးရမလဲဟု​မေး​နေခြင်းဖြစ်​သည်​။

"ဘာမှမ​သောက်​တော့ဘူး မမဇင်​.....
ဒါနဲ့​ဒေါ်​ဝေ​ရော မ​တွေ့ပါလား ..... "

"​ဒေါ်​ဝေက​ဈေးသွားတယ်​မောင်​လေး ရင့်​.....​ပြောစရာရှိလို့လားဟင်​.... "

"မဟုတ်​ပါဘူး .... မ​နေ့က​ဒေါ်​ဝေ ခါးနာ​နေတယ်​လို့​ပြောသံကြားလို့ လိုအပ်​မယ်​ထင်​တဲ့​ဆေး​တွေ ကျွန်​တော်​ဝင်​ဝယ်​လာတာ ......
​ရော့ ... ဒီမှာ .....
​ဒေါ်​ဝေပြန်​လာရင်​ပေးလိုက်​နော်​မမဇင်​..... "

ဒီအိမ်​မှာ အိမ်​အကူနှစ်​ယောက်​ရှိသည်​။ မဇင်​ဇင်စိုး​နဲ့​ဒေါ်​ဝေ​ဝေတို့ဖြစ်​သည်​။ နှစ်​ယောက်​လုံးက တူဝရီး​တော်​ကြပါသည်​။​ဒေါ်​ဝေကအသက်​လေးဆယ်​ကျော်​ခန့်​ရှိကာ မမ​ဇင်​က သုံးဆယ်​မပြည့်​တပြည့်​အရွယ်​ဖြစ်​၏။
တူဝရီးနှစ်​ယောက်​လုံး ဒီအိမ်​မှာ အလုပ်​လုပ်​ကြတာ ငါးနှစ်​ကျော်​ခန့်​တော့ ရှိ​နေပြီမို့ မိသားစု​တွေလိုပဲ ဖြစ်​နေကြပါပြီ။

သူမတို့တူဝရီးနှစ်​ယောက်​ကလဲ ဒီအိမ်​ရှင်​တွေအ​ပေါ်မှာ​စေတနာအပြည့်​နဲ့ အိမ်​ရဲ့​ဝေယျာဝစ္စအဝဝကို လုပ်​ပေးတတ်​သလို အိမ်​ရှင်​တွေဖြစ်​တဲ့ သူမတို့အလုပ်​ရှင်​တွေကလဲ သူမတို့အ​ပေါ်တွင်​ဒီလိုမျိုး​သေး​သေးမွှားမွှားကအစ ဂရုတစိုက်​ရှိလှပါသည်​။
အလုပ်​ရှင်​နဲ့ အလုပ်​သမားဆိုတာထက်​ဆွေမျိုးနီးစပ်​မိသားစု​တွေ ပုံစံမျိုး ဖြစ်​နေတာပါ။

ငါ မုန်းပါရစေ (Normal)Where stories live. Discover now