(Part - 22)

1.8K 117 1
                                    

(U&Z)

ကမ်း​ခြေ​ကိုလှမ်းမြင်ေ​နရသည့်​ဘန်ဂလိုအိမ်ေ​လး​ရှေ့မှ သစ်​လုံးပုံစံစားပွဲဝိုင်း​လေး​တွင်​ချစ်ခြင်း​တစ်​ယောက်​ထဲ ထိုင်​နေမိသည်​။
ဒီတိုင်းထိုင်​နေတာ​တော့ မဟုတ်​ခဲ့​ပေ။
သူမလက်​ထဲမှာ ပုံဆွဲစာအုပ်​တစ်​အုပ်​နဲ့ ခဲခြစ်​ပန်းချီထိုင်​ဆွဲ​နေတာပဲဖြစ်​သည်​။

ချစ်​ခြင်းက ခဲခြစ်​ပန်းချီဆွဲတာ ဝါသနာပါသူဖြစ်​သည်​။ အချိန်​အားရင်​ခံစားချက်​ရှိ​နေလျှင်​ပန်းချီပဲထိုင်​ဆွဲ​နေတတ်​၏။ သူမပန်းချီဆွဲ​နေလျှင်​တစ်​ယောက်​ထဲ သီးသန့်​ခွဲထွက်​နေတတ်​တာမို့ သူမအကျင့်​ကိုသိသည့်​မေနန်းနဲ့​သွေးသစ်​တို့က ချစ်​ခြင်းပန်းချီဆွဲ​နေပြီဆိုရင်​အနားကို မလာကြ​တော့​ပေ။

ရန်​ကုန်​ကဟိုတယ်​အခန်းထဲမှာ သူမခဲခြစ်​ပန်းချီဆွဲသည့်​စာအုပ်​တွေ​ရော ခဲခြစ်​ပန်းချီဆွဲသည့်​ခဲတံမျိုးစုံ​ရော ကျန်​နေခဲ့တာမို့​ငွေ​ဆောင်​ရောက်​လာ​ပြီး​နောက်​ပိုင်း သူမပုံမဆွဲဖြစ်​တော့​ပေ။
​သွေးသစ်​တို့​ရောက်​လာ​တော့မှ သူမအတွက်​ယူလာခဲ့​ပေးတာမို့​ငွေ​ဆောင်​ရောက်​မှပန်းချီဆွဲဖြစ်​တာ အခုကပထမဆုံးအကြိမ်​ပါပဲ။

ပထမဆုံးခဲခြစ်​ပန်းချီကို သူမစဆွဲမိတာက လူတစ်​ယောက်​ရဲ့ပုံကိုဖြစ်​၏။ နှလုံးသားထဲက ထုတ်​ပစ်​ချင်​ပါ​သော်​လည်း​မေ့လို့မရ မုန်းလို့မရဖြစ်​နေခဲ့သည့်​လူတစ်​ယောက်​ရဲ့ပုံပါ။
သူမဒီ​နေရာ​လေးမှာ နှစ်​နာရီ​လောက်​ထိုင်​နေမိခဲ့ကာ ပုံ​တွေလဲတစ်​ပုံမက ဆွဲဖြစ်​ခဲ့၏။
ထိုပုံ​လေး​တွေ၏ ခဲခြစ်​ရာ​လေးတိုင်းသည်​လဲ သူမရဲ့ရင်​ခုန်​သံ သူမရဲ့နာကျင်​မှု ဖြစ်​ပါသည်​။

အချိန်​အ​တော်​ကြာထိုင်​လိုက်​ရ၍​ညောင်းညာ​နေပြီဖြစ်​သည့်​သူမခန္ဓာကိုယ်​လေးကို အနား​ပေးသည့်အ​နေဖြင့်​အ​ညောင်း​ပြေအညာ​ပြေ လမ်းထ​လျောက်​မိ၏။
သူမထိုင်​နေခဲ့သည့်​နေရာက​နေ​ရှေ့သို့​ခြေလှမ်း​,လေးငါးလှမ်း​လျောက်​လိုက်​ရုံနဲ့ အုတ်​ဘောင်​အနိမ့်​လေးတစ်​ခုရှိ​လေသည်​။ ထို​အုတ်​အရံအတား​လေးက ဟိုတယ်​ရဲ့နယ်​နိမိတ်ကို​သတ်မှတ်​ထားတာပဲဖြစ်​သည်​။

ငါ မုန်းပါရစေ (Normal)Where stories live. Discover now