(Part - 20)

1.9K 134 0
                                    

(U&Z)

ရင့်​က သူမကိုဘယ်​သောအခါမှ မသွားခိုင်းခဲ့၍ သူမမှာပင်​လယ်​ကြီးကို မြင်​နေတာ​တောင်​ထိ​တွေခံစားခွင့်​မရှိခဲ့​ပေ။
ဟိုတယ်​က ပင်​လယ်​ကမ်းစပ်​နဲ့ သိပ်​မ​ဝေးတဲ့​နေရာမှာ ရှိနေတာမို့ ဟိုတယ်​က​နေလှမ်းကြည့်​ရင်​ပင်​လယ်​ကမ်းစပ်​ကို​မြင်​နေရ​လေသည်​။
ချစ်​ခြင်း အနားကပ်ခွင့်မရှိသည့်​ထိုပင်​လယ်​ကြီးကို တစ်​နေ့တစ်​နေ့ထိုင်​ငေးကြည့်​ခဲ့ဖူးပါ၏။
ပင်​လယ်​ကြီးထဲက​နေ​နေထွက်​လာချိန်​ပင်​ကြီးထဲကို​နေဝင်​သွားချိန်​အားလုံးကိုသူမအ​ဝေးက​နေသာ ကြည့်​နေခဲ့ရသည်​။ ကမ်းစပ်​နားမှာ လမ်း​လျောက်​ရင်း ထိုမြင်​ကွင်း​တွေကို ခံစားကြည့်​ချင်​သော်​လည်း ကိုယ့်​မှာအခွင့်​မရှိခဲ့​ပေ။
အခု​တော့ ချစ်​ခြင်းတစ်​ယောက်​ပန်းနုတို့​ရောက်​လာမှ ပင်​လယ်​ထဲ​ရေဆင်းကူးခွင့်​ရ​တော့သည်​။

ပန်းနုနဲ့​မေနန်း ပင်​လယ်​လှိုင်း​တွေနဲ့​ဆော့​ကစား​နေတာကို သဲ​သောင်​ပြင်​ပေါ်က​အုန်းလက်​ထီးမိုး​အောက်​မှာ ထိုင်​နေကြသည့်​ချစ်​ခြင်းနဲ့​သွေးသစ်​တို့က လှမ်းကြည့်​နေမိကြသည်​။
သူမတို့နှစ်​ယောက်​လဲ​ရေထဲဆင်းပြီးလို့ ပြန်​တက်​လာပြီး ခဏနား​နေတာဖြစ်​၏။

ထိုခဏ၌ ချစ်​ခြင်းက အမှတ်​တမဲ့​သွေးသစ်​ကို ကြည့်​မိသွား​လေသည်​။
​သွေးသစ်​တစ်​ယောက်​တစ်​စုံတစ်​ရာကို  စူးစူးစိုက်​စိုက်​ကြည့်​နေ​ခြင်းဖြစ်​သည်​။
သူစူးစိုက်​ကြည့်​နေပုံက​ဒေါသနဲ့ကြည့်ေ​နတာလဲမဟုတ်​စူးစမ်းချင်တဲ့စိတ်​နဲ့ ကြည့်​နေတာလဲမဟုတ်​ပေ။

တစ်​စုံတစ်​ယောက်​ကို စိတ်​ဝင်​တစား​ငေးကြည့်​နေတာမျိုးပဲဖြစ်​သည်​။
ပြီးေ​တာ့ သွေးသစ်​နှုတ်​ခမ်းမှာ နူးညံ့သည့်​အပြုံးတစ်​ချို့လဲရှိ​နေ၏။
ထိုအကြည့်​ထိုအပြုံးတို့သည်​ပန်းနုရင့်​ရောင်​ကို လှမ်းကြည့်​နေခြင်းသာဖြစ်​မှန်း ချစ်​ခြင်းရိပ်​မိလိုက်​သည်​။

"အဟင်း ... အဟင်း ... "

ချစ်​ခြင်းရဲ့ သတိ​ပေး​ချောင်းဟန့်​သံ​ကြောင့်​သွေးသစ်​တစ်​ယောက်​သူခိုးလူမိသွားမှန်း သူ့ကိုသူသိလိုက်​၏။

ငါ မုန်းပါရစေ (Normal)Where stories live. Discover now