(Part - 21)

1.8K 129 1
                                    

(U&Z)

ည​နေခင်းရဲ့​လေ​ပြေညှင်းတို့နဲ့အတူ ကမ်းစပ်​ကိုလာ​ရောက်​ထိခတ်​သည့်​ပင်လယ်​လှိုင်းပုတ်​သံ​လေးတို့က သူမကိုစိတ်​ချမ်း​မြေ့​စေပါသည်​။
သဲ​သောင်​ပြင်​ပေါ်မှာ သူမ​လျောက်​လှမ်းခဲ့လို့  ကျန်​ခဲ့သည့်​ခြေရာ​လေး​တွေကိုလဲ​ခဏရပ်ပြီး​နောက်​ပြန်​လှည့်​လိုက်​မိ​သေး၏။
ပြီး​တော့ ဆက်​လျောက်​လာခဲ့လိုက်​သည်​။
သဲ​သောင်​ပြင်​ပေါ်မှာ အ​ရောင်စုံ​ခရု​ခွံလေး​တွေကို​တွေ့​သော်​ငြားလည်း သူမ, မ​ကောက်​ယူမိ​ပေ။ သူ့အလှ​လေးနဲ့သူ သူ့သဘာဝနဲ့သူသာ ရှိပါ​စေဟု​တွေးမိတာမို့။

သူမအနားမှာ သူငယ်​ချင်း​တွေတစ်​ယောက်​မှ ပါမလာခဲ့ပါ​ချေ။ အားလုံးသတိမထားမိတဲ့အချိန်​မှာ ချစ်ခြင်း​တစ်​ယောက်​ထဲ ကမ်း​ခြေကိုလမ်း​လျောက်​ထွက်​ခဲ့တာဖြစ်​သည်​။
ခဏ​လောက်​ဖြစ်ဖြစ်​အနားမှာဘယ်​သူမှမရှိတဲ့ အချိန်​တစ်​ခုကိုသူမအလိုရှိ​နေ၏။
စံမဒီဆိုတဲ့ မိန်းခ​လေး​ယောက်​ရောက်​လာထဲက ချစ်​ခြင်းဆီမှာအဲ့ဒီ့ခံစားချက်​က ဘာလို့မှန်းမသိပဲ​ရောက်​လာခဲ့သည်​။
အထူးသဖြင့်​ရင့်​အနားမှာ စံမဒီရှိ​နေလျှင်​သူမအလိုလို​ရှောင်​ဖယ်​ထွက်​လာခဲ့ချင်​၏။
စံမဒီ၏ အကြည့်​တွေကို သူမသိသည်​။
"ဒါ ငါနဲ့လက်​ထပ်​မယ့်​ယောကျာင်္း ငါ့ချစ်​သူပဲ နင်​အမိဖမ်းဖို့မကြိုးစားနဲ့ အနားမကပ်​နဲ့ "ဆိုသည့်​အဓိပ္ပါယ်​နဲ့အကြည့်​စူးစူး​တွေပါ။

သူမ ရှက်​လဲရှက်​မိပါ၏။ ပိုင်​ရှင်​ရှိပြီးသား​ယောကျာင်္းတစ်​ယောက်​နဲ့ သူမကအတူ​နေ​နေသည်​။ ပြီး​တော့ အဲ့ဒါကလဲ ထိုပိုင်​ရှင်​မိန်းခ​လေး၏​ရှေ့တွင်​ပင်​ဖြစ်​နေပြန်​သည်​။
ပန်းနု​ပြောပြတာက​တော့ ရင့်​နဲ့စံမဒီ ဂျပန်​မှာ​ကျောင်းအတူသွားတက်​ခဲ့ဖူးသည်​။ ဟိုမှာလဲ သူတို့နှစ်​ယောက်​ချစ်သူ​တွေဖြစ်​ပြီး တစ်​အိမ်​ထဲအတူ​နေခဲ့ဖူးတယ်​တဲ့။

​နောက်​တော့ ရင့်​ကိုသာမာန်​မိသားစုကထင်​ပြီး စံမဒီကလမ်းခွဲခဲ့ပြီး မြန်မာပြည်​ပြန်​ရောက်​လာကြ​တော့မှ ရင့်​ရဲ့ချမ်းသာမှုကိုသိပြီး ပြန်​တွဲဖို့ စံမဒီကကြိုးစားခဲ့သည်​။​ရင့်​ကပြန်​လက်မခံဘူးဟု​တော့​ပြော​ပေမယ့်​ဒါကသူ့မာန​ကြောင့်​ပဲ​နေမှာပါ။ ရင့်​က အရမ်းမာနကြီးသည်​မဟုတ်​ပါလား။

ငါ မုန်းပါရစေ (Normal)Where stories live. Discover now