(Part - 7)

1.9K 149 1
                                    

(U&Z)

(2006 ခုနှစ်​၏​ဝေးကွာခြင်း အဆုံးသတ်​..... )

သူတို့​မျှော်​လင့်​ထားသည့်​အတိုင်း ဖြစ်​မလာသည့်​အပြင်​ပြသနာ​တွေက ပို၍ ကြီးမားလာခဲ့ရသည်​မို့ စိုင်း​မောင်​နဲ့​အောင်​သန့်​တို့နှစ်​ယောက်​ကိုယ်​စခဲ့သည့်​ကိစ္စကို ရှင်းဖို့အတွက်​မနိုင်​မနင်း​တွေ ဖြစ်​ကုန်​တော့၏။

"ပြသနာက ပိုပြီးကြီးသွားပြီ အခုဘယ်​လိုလုပ်​ကြမလဲ ....
မင်းငှါးထားတဲ့ အဲ့ဒီ့​ကောင်​က ငါ့တူမကိုပါ rape(အဓမ္မကျင့်​ခြင်း) လုပ်​ခဲ့တာ ..... "

" ဒီ​ကောင်​က အစထဲက​ထောင်​ထဲဝင်​လိုက်​ထွက်​လိုက်​နဲ့​ကောင်​ဆို​ပေမယ့်​ခိုးမှု လူရိုက်​မှု​တွေ​လောက်ပဲရာဇဝင်​ရှိတာ ....
မုဒိန်းမှုမှမရှိခဲ့တာ အဲ့​တော့ငါလဲ သတိ​ပေးတာမျိုး မလုပ်​ခဲ့မိဘူး .....
ဒီလို​တွေဖြစ်​လာမယ်​မှန်း ဘယ်​သိမလဲ ....
ပြီး​တော့ သူ့ကိုခိုင်းတဲ့သူနဲ့ သူပြန်​ပေးဆွဲခဲ့တဲ့က​လေးမက အမျိုး​တော်​တယ်​ဆိုတာလဲ သူ,မသိဘူး​လေ အဲ့ဒါ​ကြောင့်​ဒီ​ကောင်​ကြံစည်​တာ​နေမှာ​ပေါ့ .....
သူ့ကို​ငွေ​ပေးပြီးခိုင်းတဲ့သူနဲ့ အမျိုး​တော်​မှန်းသာသိရင်​ဒီ​ကောင်​ဒီလိုလုပ်​ရဲမှာ မဟုတ်​ဘူး ..... "

"​အေး ... အခုအဲ့ဒီ​ခွေးသူ​တောင်းစားက အဖမ်းခံရပြီဆို​တော့ ငါတို့ကိုပါ အမှုပတ်​လာ​တော့မှာ .....
အခု​တောင်ဒီေ​ကာင့်ကို စစ်လိုက်လို့​မင်းကကြံရာပါဆိုတာသိပြီး ရဲ​တွေက မင်းကို​လိုက်​ဖမ်း​နေကြပြီ​လေ .....
အဲ့ဒီ့​ခွေးမသားကိုသာ ငါ့နာမည်​ပြောပြထားမိလို့က​တော့ သွားပြီ အခု​လောက်​ဆိုရင်​ငါပါ​ခွေး​ပြေး​ပြေး​နေရမှာ .... "

​အောင်​သန့်​က သူ့​ကြောင့်​ပန်းနုအနိုင်​ကျင့်​ခံရသည့်​ကိစ္စကို​ဒေါသထွက်​နေရမည့်​အစား ဒီအမှုက​နေ သူလွတ်​မြောက်​ဖို့အတွက်​ကိုသာ စဉ်းစားပြီး​တွေးပူ​နေမိ​လေသည်​။

"အခင်း​ဖြစ်​တဲ့​နေရာက ငါ့သူ​ဌေးဦးမင်း​ဝေရဲ့ ဂို​ဒေါင်​ဟောင်းမှာဆို​တော့ အခု ဦးမင်း​ဝေကိုပါ ရဲ​တွေက စစ်​ဆေးဖို့လုပ်​နေတယ်ကွ​..... "

ငါ မုန်းပါရစေ (Normal)Dove le storie prendono vita. Scoprilo ora