"ငါ သိပါတယ်​.....
ငါ​ပြောချင်​တာက နင်​ခရီးသွားမှာကို ဆက်​သွား​ပေါ့ .....
ဒါ​ပေမယ့်​ငါ့ကို​တော့ နင့်​အတွင်း​ရေးမှူးနဲ့ ပြန်​ထည့်​ပေးလိုက်​လို့ရ​နေတာပဲ​လေ ..... "

"ငါ​ပြောထားတာ နင်​မေ့သွားပြီလား ချစ်​ခြင်း .....
ဒုတိယအကြိမ်​ပြန်​တွေ့ရင်​နင့်​ကိုငါ ဘယ်​လိုမှပြန်​လွှတ်​ပေးမှာ မဟုတ်​ဘူးဆိုတာ ..... "

"ဟင်​.... နင်​.... "

ချစ်​ခြင်း ရင့်​ရဲ့လုပ်​ရပ်​ကို နားလည်​လိုက်​သလို ဖြစ်​သွားရ၏။

"ဒါဆို ဒါဆို အခု နင်​သွား​တဲ့​ခရီးကို ငါ့ကိုပါ​ခေါ်လာခဲ့တာ​ပေါ့ ဟုတ်​လား ရင့်​..... "

"ဟုတ်​တယ်​.... အ​သေအချာပဲ ..... "

"ရင့်​.... နင်​... နင်​ဘာလုပ်​မလို့လဲ .... "

"ဘာလုပ်​မယ်​ထင်​လဲ နင်​ခန့်​မှန်းကြည့်​လေ .... "

သူမ မသိပါ။​သေချာတာက​တော့ ရင့်​က သူ​ပြောခဲ့သလို သူမကို ရက်​စက်​မှာပဲဖြစ်​သည်​။

"နင်​ခန့်​မှန်းလို့ မရ​ဘူးမှတ်​လား .....
ငါကိုယ်​တိုင်​တောင်​နင့်​ကို ဘယ်​လိုစိတ်​ဒုက္ခ​ပေးရမလဲလို့ အခုမှ အစီအစဉ်​ချ​နေတုန်းပဲ .... "

"ရင့်​... ငါနင့်​ခံစားချက်​တွေကို နားလည်​တယ်​....
နင်​ငါ့ကို ဘာလိုပဲစိတ်​ဒုက္ခ​တွေပေး​ပေး ငါမလွန်​ဆန်​ဘူး ငါ​လက်​ခံရဲတယ်​.....
ဘာလို့လဲဆို​တော့ ငါမှားခဲ့ဖူးတဲ့အတွက်​ငါပြန်​ခံရတယ်​လို့ သတ်​မှတ်​ထားလို့ပဲ ....
ဒါ​ပေမယ့်​.... "

"ဘာဖြစ်​လဲ ဆက်​ပြော ..... "

ရင့်​က ကား​မောင်း​နေရင်းနဲ့​နောက်​ကြည့်​မှန်​ထဲက​နေ ချစ်​ခြင်းမျက်​နှာကို လှမ်းကြည့်​ပြီး​မေးလိုက်​လေသည်​။

"ဒါ​ပေမယ့်​.... ငါ့မှာအ​မွေကိစ္စ​တွေအတွက်​လုပ်​စရာ​တွေ ရှိ​နေ​သေးတယ်​....
ပြီး​တော့ ငါ့သူငယ်​ချင်း​တွေလဲ မြန်မာနိုင်ငံကို​မကြာခင်​ရောက်​လာကြ​တော့မှာ အဲ့ဒီ့​တော့ ငါသူတို့နဲ့​တွေ့ဖို့ ရန်​ကုန်​မှာရှိ​နေမှဖြစ်​မယ်​ရင့်​..... "

"နင့်​အခက်​အခဲ​တွေကို ထိုင်​ရွတ်​ပြ​နေလို့လဲ အပိုပဲ ချစ်​ခြင်း .....
ငါက နင်​ပြောတာ​တွေကို လိုက်​လျော​ပြီး နင့်​ကိုပြန်​လွှတ်​လိုက်​ဖို့ အစီအစဉ်​ကိုမရှိဘူး ..... "

ငါ မုန်းပါရစေ (Normal)Where stories live. Discover now