(Part - 13)

1.7K 131 2
                                    

(U&Z)

"အား ကျွတ်​စ်​ကျွတ်​စ်​..... "

အိပ်​ဆေးအရှိန်​ပျယ်​၍ သူမနိုးလာ​တော့ သူမ​ရောက်​ရှိ​နေသည့်​နေရာက ကား​နောက်​ခန်းတစ်​ခုထဲတွင်​ဖြစ်​နေ၏။
​နေ့အလင်း​ရောင်​ကြောင့်​မနက်​ပိုင်းအချိန်​မှန်း​တော့သိ​ပေမယ့်​ဘယ်​နှစ်​နာရီ​တောင်​ရှိ​နေပြီလဲ​တော့ မသိ​ပေ။

သူမ ညကဖြစ်​ခဲ့တာ​တွေကို အားလုံးပြန်​စဉ်းစားမိပြီး မှတ်​မိ​နေပါသည်​။
သူမ ညက ရင့်​နဲ့​နောက်​ဆုံးအချိန်​ဆုံခဲ့တာကို​လဲ သတိရ၏​။

သူမရှိ​နေသည့်​ကား​လေးက​တော့​ပြေးလွှားသွား​နေဆဲပါပဲ။
ထို့ပြင်​ကား​မောင်းသူကလဲ ရင့်​ဖြစ်​နေဆဲပါပဲ။

သူမ လှဲအိပ်​နေရာက​နေ ထထိုင်​လိုက်​ပြီး​နောက်​.....

"ရင့်​.... "

"နိုးလာပြီလား .... "

"အင်း ... ငါ ... ငါ ဘယ်​ရောက်​နေတာလဲဟင်​.....
နင်​က​ရော ဘယ်​ကိုသွား​နေတာလဲ .... "

"​ညက နင်​ငါနဲ့​တွေ့ခဲ့တာကို သိလား .... "

ရင့်​က သူမအ​မေးကို မ​ဖြေပဲ သူပဲ​မေးခွန်းထပ်​ထုတ်​နေ​လေ၏။

"အင်း .... "

"ငါညက အဲ့ဒီ့မှာ ဘာလုပ်​နေတာလဲ နင်​သိလား .... "

" ... .... ... .... "
ချစ်​ခြင်းက ဘာမှပြန်​မ​ဖြေပဲ နှုတ်​ဆိတ်​နေ​လေသည်​။

"ငါခရီးသွားမလို့ မြို့ပြင်​ဘက်​ကို ထွက်​လာတာ .....
ပစ္စည်းတစ်​ခုကျန်​နေခဲ့လို့ ငါ့အတွင်း​ရေးမှူးကို ဖုန်းလှမ်းဆက်​ပြီး လာပို့ခိုင်း​နေတဲ့ အချိန်​မှာ နင်​ရောက်​လာတာပဲ .... "

"အင်း​လေ .... အဲ့ဒါထားပါ​တော့ ငါကအခုထိ နင့်​ကား​ပေါ်မှာ ဘာလို့ရှိ​နေ​သေးတာလဲ .....
ငါ​နေတဲ့ ဟိုတယ်​ကို ပြန်​ရောက်​နေရမှာမဟုတ်​ဘူးလား .... "

"ဘာ ... အဟား ... ရယ်​စရာပဲ .....
ငါကဘာလို့ နင့်​ကို တကူးတကမြို့ထဘက်ဲပြန်​လှည့်​ပြီး​တော့ နင်​အိပ်​ရမယ့်​အိပ်​ယာထဲထိ ဘာလို့လိုက်​ပို့ရမှာလဲ .....
နင်​မေ့​နေတာလား ချစ်​ခြင်း .....
ငါနင့်​ကို ဘယ်​လောက်​ထိ​မုန်း​နေလဲဆိုတာကို ..... "

ငါ မုန်းပါရစေ (Normal)Where stories live. Discover now