အခန်း(၁၆)/အခနျး(၁၆)

Beginne am Anfang
                                    

"စည်းကမ်းကဘာလဲ"

"ဒီအတိုင်း ရွှဲကျန်းရဲ့ ပတ်​လမ်းကိုပဲ ​ပစ်လိုက်ရမှာ"

ရှောင်​ယဲ့က Aries(zodiac sign). သူ ဘုတ်​ပြားကို တစ်​ချက်​ကြည့်​လိုက်​ပြီး​တော့ သူ့လက်​ကို အသင့်​ပြင်​ဖို့အတွက်​ လက်​​ကောက်​ဝတ်​ကို လှည့်​လိုက်​သည်​။ အဲ့​နောက်​​ သူ့လက်​ကို ​မြှောက်​လိုက်​ပြီး​တော့ ချိန်​ရွယ်​လိုက်​သည်​။

"မင်းရဲ့ sign ကဘာလဲ?"

ဝမ်​ကျို ​​​ငေး​ကြောင်​​ကြောင်​ဖြစ်​သွားသည်​။
"အာ? ကျွန်​​တော်​က cancer"

(T/N အဲ့တာ​ကြောင့်​မို့ type က ကွဲ​နေတာ)

*ရွှစ်​* မြှားတံက ​လေကိုဖြတ်​သန်းသွားပြီး​တော့ cancer ပတ်​လမ်း​နေရာမှာ တိတိကျကျကို စိုက်​ဝင်​သွားသည်​။

"ရွှဲကျန်း, ရွှဲကျန်းက ကိုယ့်​ကိုယ်​ပိုင်​sign ကိုပဲ ပစ်​ရမှာ​လေ......."
ဝမ်​ကျို ထပ်​ပြီး​တော့ စည်းကမ်း​တွေကို ရှင်းပြလိုက်​သည်​။

"​ခွေးရူး​လေး"
ရှောင်​ယဲ့ ​နောက်​တစ်​ကြိမ်​ မြားကို ခပ်​မြန်​မြန်​ပစ်​လိုက်​ပြီး သူ့ချိန်​မှတ်​ကိုပဲ ​နောက်​တစ်​ခါထပ်​ပြီး​တော့ ထိမှန်​သွားသည်​။

"​အောချရ​လောက်​​အောင်​ ဒုံး​ဝေးချက်​" 
နောက်​ထပ်​ပစ်​ချက်​တစ်​ခု။

"အ​နှေးနဲ့အမြန်​, မင်းက ငါ့ကို ​သေ​တဲ့အထိ ​ဒေါသထွက်​​အောင်​ လုပ်​​နေတာပဲ"
နောက်​ထပ်​တစ်​ကြိမ်​။

ဘေးဘက်​မှာ​တော့ လျို့ဟန်​နဲ့​ရှောင်​​ရှောင်​ခမျာ အူတက်​မတတ်​ရယ်​​နေရသည်​။ သူ့က ​ရှောင်​ယဲ့ကို​ဒေါသထွက်​​အောင်​လုပ်​​နေသလိုမျိုး မြား​တွေကို ပစ်​​နေတဲ့ ​ရှောင်​ယဲ့ကို ဝမ်​ကျိုက​တော့ ဘာမှနားမလည်​ဘဲ သူမား၁၀​ချောင်းလုံးပစ်​ပြီးတဲ့အထိ ကြည့်​ရုံပဲကြည့်​​နေမိသည်​။ ပြီး​တော့ Cancer target က​တော့ မြှားတံ​တွေနဲ့ သိ​ပ်​သိပ်​သည်းသည်း ပြည့်​နှက်​​နေ​တော့သည်​။

မြားတံ​တွေကို ပစ်​ပြီးတာ​တောင်​ သူ လုံလုံ​လောက်​​လောက်​ ​ဒေါသမ​ဖြေရ​သေးဘူးလို့ ခံစား​နေရ​သေးသည်​။ ​ရှောင်​ယဲ့ ​ဘေးကိုလှည့်​ပြီး​တော့ ဝမ်​ကျို့ကို ကိုယ်​တိုင်​ကိုယ်​ကျ ဆူပစ်​ချင်​​နေတဲ့ အချိန်​မှာပဲ ရုတ်​တရက်​ သူ့​ဘေးနားက​နေ အသံတစ်​သံထွက်​လာသည်​။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Wo Geschichten leben. Entdecke jetzt