အခန်း(၉၁) တန်​ပြန်​ထိုးစစ်

Start from the beginning
                                    

ဒီ​နေ့ရဲ့ ဒုတိယ​မြောက်​အခန်းတွင်​​တော့ ... Meng Changge ကို ​တော်​ဝင်​ကြင်​ယာ​တော်​အဖြစ်​ ​ကြေငြာချက်​ထုတ်​ပြန်​သည့်​အပိုင်း ... ပြီး​တော့ ရှန်း​ဖေး၏ ဘုရင့်​နှစ်​သက်​မှုဆုံးရှုံးသွားပြီး အ​အေးနန်း​ဆောင်​သို့ အပို့ခံရသည့်​အပိုင်းတို့ ရိုက်​ကူးရမှာဖြစ်​သည်​။ Meng Changge က ရှန်း​ဖေးရှိသည့်​ အ​အေးနန်း​ဆောင်​သို့ သွား​ရောက်​ကာ သူမ၏ သရုပ်​အစစ်​အမှန်​ကို ​ဖော်​ပြရမှာဖြစ်​၏။

ကံအား​လျော်​စွာ ထိုအပိုင်းက အန္တရာယ်​ကင်းသည့်​ အခန်းတစ်​ခုဖြစ်​​လေ၏၊ ဘာလှုပ်​ရှားမှုမှမပါဘဲ ... အကြည့်​ ... အမူအရာ ... ဒိုင်​ယာ​လော့(စကား​ပြောခန်း)​တွေကသာ အသက်​ဖြစ်​​လေသည်​။

"သရီး ... တူး ... ဝမ်း ... အက်​ရှင်​!"

စတင်​ရိုက်​ကူး​လေပြီ။

အ​အေးနန်း​ဆောင်​တွင်​ ... တဲ့​ဖေးသည်​ သလွန်​​ညောင်​​စောင်းတစ်​ခု​ပေါ်တွင်​ ထိုင်​လျက်​၊ သူမ ​ခြေဖဝါး​အောက်​ လဲကျ​နေသည့်​ ... သနားစဖွယ်​အမျိုးသမီးအား ... ​သေလူကဲ့သို့သ​ဘောထား၍၊ မတူမတန်​​လှောင်​ဖွယ်​စွာ ရှု​လေသည်​။ "ရှန်း​ဖေး ... ကျမဘာလို့ ရှင့်​ကို ​သေမ​လောက်​မုန်း​နေရသလဲဆိုတာ?  ရှင့်​ကို ဘာလို့ ​သေမင်းနဲ့​ပေး​တွေ့ လိုက်​လဲဆိုတာ?"

"အယုတ်​တမာမ! ငါ့ကို မစ္စရိယစိတ်​များ​နေတာ! သူ့ရှင်​(မင်းကြီး)က ငါ့ကို သ​ဘောကျတာကို မနာလိုဖြစ်​​နေတာ! သူငါ့ကို အ​ရေး​ပေးတာကို မနာလို​နေတာ!"

တဲ့​ဖေးက ဟာသ​ကောင်း​တစ်​ပုဒ်​ကို ကြားလိုက်​ရသည့်​အလား ဟားတိုက်​ရယ်​​မော​လေသည်​။ "ငါက ... မနာလိုလို့? နင်​က အဲ့ဒီရွံစရာအဖိုးကြီးရဲ့ အ​ရေး​ပေးမှုကိုရလို့ မနာလိုပဲ ဖြစ်​ရအုံးမယ်​?"

"တဲ့​ဖေး ... နင်​ ... ရူး​နေလား? ငါ​ပြော​နေတာ သူ့ရှင်​ ... ဘုရင်​မင်းမြတ်​ကို ... အရှင်​မင်းကြီးကို ငါ ​ပြော​နေတာ ... အာ့ကို နင်​က ရိုင်းပျ​နေတယ်​ ... "

တဲ့​ဖေးသည်​ ရုတ်​တရက်​ဆို မှိုင်းရီ​သောမျက်​ဝန်းတို့ဖြင့်​ ကြည့်​လာ​လေသည်​ ... ရှန်း​ဖေးတစ်​​ယောက်​ အသံတိတ်​သွား၏။ ထို့​နောက်​တွင်​ သူမက ​ဖြေး​ဖြေးချင်း တလုံးချင်း မြွက်​ဟလာ​လေသည်​ ... "ရှန်း​ဖေး ... ကျမ ဘယ်​သူလို့ထင်​လဲ? ရှင်​ ... Meng Changge ဆိုတဲ့ အမည်​ကို အမှတ်​ရ​သေးလား?"

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now