Part -- 74

449 21 3
                                    

❣️အချစ်ကွန်ချာ❣️{Part--74}
********❣️*******

" တီ တီ တီ "

စံအိမ်ရှေ့ ကားရပ်လိုက်တာနဲ့ သွေး ရှာမိတာက ဘာဘီလေးကိုဖြစ်သည်။
သို့သော် အရိပ်အယောင်တောင်မတွေ့၍ အမောမပြေသလို ခံစားရတော့၏။

ဧည့်ခန်းထဲမှာ လူစုံတက်စုံရှိပေမယ့် သွေး၏ အသက်ကလေးကို မမြင်ရတော့ စိတ်ကမကြည်ချင်တော့။

ရိုင်း__" ပြန်လာပြီလား သွေး "

ခေတ်__" ကိုကို ပြန်လာတာ စောသားပဲ "

ရိပ်__" အဟား...အချော့တော်လုပ်ဖို့လေ "

ခါး__" သားမာန်ကို ချော့ဖို့လား ကိုသွေးရ "

" ဦးဦးသွေး...မုန့်ပါလား သားသားတွက် "

တစ်ယောက်တစ်မျိုး မေးနေကြသူတွေကို ပြန်ပြောဖို့ထက် ‌သွေးကိုဖက်တွယ်ပြီး မေးလာသည့် နှိုင်းကိုသာ နမ်းရှိုက်မိရင်း

" အများကြီးပါ ပါတယ်ဗျာ ၊
  ဟိုမှာ ဦးလေးသာထူးယူလာပါပြီ "

သာထူးသယ်လာသည့် အထုပ်တွေဆီ နှိုင်းလေးက အပြေးသွားဆွဲနေတုန်း
ကိုနွေတို့ဆီ ပြန်လှည့်မိတဲ့ သွေးမျက်ဝန်းထဲ မြင်လိုက်သည်က ချစ်ရသူလေး

" သားမာန်လေး "

" Daddy...အီး ဟီး ဟီး "

သွေး ခေါ်လိုက်တာနှင့် အပြေးရောက်လာပြီး ကိုယ်ပေါ်ခုန်တက်ဖက်တွယ်လို့ ငိုချလိုက်တဲ့ မာန်လေးကြောင့် အားလုံးမှာ ကြောင်တောင် တောင်ဖြစ်ကုန်ကြပြီ။

" မာန်လေး ဘာဖြစ်လို့လဲ ၊ ဘာလို့ငိုရတာလဲ
  ကလေးလေးရယ် "

တကယ်ပဲ သွေး စိတ်ပူတကြီး မေးလိုက်မိတာ။

" အဟင့် Daddy ကြီး သိလား ၊
  ကိုကိုကြီးက သားကိုရိုက်တယ် အင့် ဟင့်
  ဝူး ဝူး "

သွေးကိုတိုင်တန်းပြီးတာနဲ့ သွေးပခုံးထက် ခေါင်မှောက်ချကာ တဝူးဝူးငိုပါသော သားမာန်ရယ်ပါ။

" ဟေ့ ဟေ့ ၊ ငဆိုးလေး ကြည့်စမ်း အတိုင်
  ကြောထူနေတာပေါ့ ဟုတ်လား ၊
  ဘယ်သူကဆိုးလို့ ရိုက်ခံထိတာလဲ ပြောပါဦးကွ လူလည်လေးရ "

" ဟုတ်လား... Daddy ကလေးလေးကဆိုးနေ
  လို့ ရိုက်ခံထိတာလား "

" အီး ဟီး ဟီး အီး ဟီး "

အချစ်ကွန်ချာWhere stories live. Discover now