Part 35

466 18 1
                                    

❣️အချစ်ကွန်ချာ❣️{Part--35}
*******❣️********

" အီး ဟီး ဟီး...!
  ကိုကို... ညီက တကယ် အသုံးမကျဘူး
  ဦးရိပ်ကို ကြည့်ပဲ ကြည့်နေ နိုင်တယ် လို့ အင့် "

ခါး၏ ငိုယိုမှုက သူတို့တွေကို ယိုင်လဲမတတ်ဖြစ်စေခဲ့သည်။

သို့သော်

ဆရာဝန်တွေ ခြံရံပြီး ထွက်လာသည့် လူနာကုတင်ထက်မှ ပိုက်ပေါင်းများစွာနှင့် ရိပ်ကို မြင်မှ အားလုံး သက်ပြင်းချနိုင်သွားကြပြီး

ခါးကတော့ ငိုမြဲတိုင်း ငိုလျက်

အကြောင်းရင်းက ဆရာဝန်တစ်ယောက်ဖြစ်ပြီး
သူကိုယ်တိုင် ခွဲခန်းဝင်တဲ့ ဆရာဝန်ဖြစ်ပါလျက် သူသိပ်ချစ်ရသူ၏ ခွဲစိတ်မှုမှာ ဘေးကသာ ကြည့်နေခဲ့ရလို့ပါတဲ့လေ။

" ဦးရိပ် "

ရိပ် သတိမရ မချင်း မစားမသောက် ရိပ် အနားမှ မခွာသည့် ခါးကို မည်သူမျှ ဖြောင့်ဖျလို့ မရကြပါ။

တစ်ပတ် တိတိ ကြာပြီ ဖြစ်သော်လည်း ရိပ်ကတော့ သတိရမလာသေး။

" ဦးရိပ်...သတိရလာပါတော့ ဗျာ !
  ငယ် ဦးရိပ်ကို အရမ်းလွမ်းနေပြီလေ !
  ငယ့် ကို အကြာကြီးပစ်ထားရင် နောက်တစ်
  ယောက်ကို ရှာလိုက်တော့မယ် သိလား !
  မချစ်တော့ဘူး အင့် ဟင့် "

" ............ "

" ဦးရိပ် လို့...ငယ် လွမ်းနေပြီ လို့ "

ခါး ပြောတာကို ရိပ်ကတော့ မကြားသလို ငြိမ်သက်လို့ နေမြဲသာ။

" ညီ...ခဏ နားပါဦးလား ကွာ "

အလုပ်တစ်ဖက်နှင့် တစ်နေ့မပြတ် လာတွေ့သည့်
ရိုင်းက ပြောလိုက်သော်လည်း မကြားသလိုသာ။

ရိပ်ကတော့ နေ့တိုင်း လာတွေ့နေသည့် လူတွေကိုကော ၂၄ နာရီမပြတ် စောင့်ကြည့်နေသည့် ချစ်ရသူကိုကော ဥပေက္ခာပြုထားဆဲဖြစ်သည်။

*****

နှစ်ပတ်ခန့်ကြာသောအခါ

" အင်းးဟင့် Daddy "

ရင်ခွင်ထဲမှ လူးလွန့်ကာ ငြီးငြူလာသည့် သားမာန်လေးကြောင့်

" သားမာန်လေး... Daddy ရှိတယ်လေ !
  ဘာဖြစ်လို့လဲ ဘာလိုချင်လို့လဲ ပြောပါဦး "

အချစ်ကွန်ချာWhere stories live. Discover now