Part 23

327 13 3
                                    

❣️အချစ်ကွန်ချာ❣️{Part--23}
*******❣️********

သာထူးမောင်းသည့် ကားပေါ် မှေးနေမိရင်း လူက အိပ်ပျော်လုလုဖြစ်ရသည်။
ညက ကော်ပတ်ရုပ်လေးဂျီကျလို့ ကောင်းကောင်း မအိပ်ရဘူးမဟုတ်လား။
တခြားအခန်းမှာ မအိပ်ချင်လို့ king size ကုတင်ထက် သုံးယောက်လုံး အတူအိပ်ခါမှ
သူ့ဦးလေးကို ကိုယ်က ဖက်မိလို့ တဂျီဂျီလုပ်ပြီး မောင်းထုတ်ပါလေကော။

မဖက်တော့ဘူး မထိတော့ဘူး ပြောမှဘဲ အဂျီရပ်တော့တာဖြစ်သည်။
ခေတ်ကတော့ ကော်ပတ်ရုပ်လေးအိပ်သွားမှ ခါးကို တိုးတိုးလေးကပ်ပြောတာက
*အရင်က အဲ့လိုဂျီမကျတတ်ဘူး အဟီး အခုလို
တအားဂျီတတ် ကောက်တတ် ရစ်တတ်နေတာ ငါသင်ပေးထားလို့လေ* တဲ့။

ခေတ်တို့ သင်ကြားပို့ချမှုက အချစ်သင်ခန်းစာမဟုတ်ဘဲ အရစ်သင်ခန်းစာဖြစ်နေရတယ်လို့။

" ရောက်ပါပြီ...အကိုလေး "

" အာ...ရောက်ပြီလား အင်း အင်း "

ကားပေါ်ကဆင်းပြီး ပိတ်ထားသည့် ကျွန်းတံခါးချပ်ကြီးကြောင့် ခါး ပြုံးလိုက်မိသေးတယ်။
ဒီတံခါးချပ်က အဲကွန်းဖွင့်မှသာ ကိုကိုက ပိတ်တတ်တာဆိုတော့ ကိုကို ရှိနေတာဖြစ်ရမည်။

အားရဝမ်းသာ တံခါးကိုတွန်းဖွင့်ပြီး

" ကိုကို...အလုပ်မသွား...ဟင် "

မြင်လိုက်ရသည်က ကိုကိုမှမဟုတ်လေဘဲ။

တစ်ခါမှမမြင်ခဲ့ဖူးသော ပုံစံဖြင့် ဦးလရိပ်မြှားသာဖြစ်ပေသည်။

" ဦး ဦးလရိပ်မြှား "

အနက်ကွက်စိပ်ပုဆိုးနှင့် အသားရောင်ရှပ်လက်ရှည်ကို ဝတ်ထားသည့် ဦးရိပ်က သိပ်ကို
ချောမောခံ့ညားနေခဲ့ပေမယ့်
အရောင်ဖျော့နေသော မျက်ဝန်း ဖြူလျော်လျော်
နှုတ်ခမ်းတို့က မလိုက်မဖက်ရှိ‌နေသည်။

" လာပါဦး...ကိုယ့်ဆီ "

ဆိုဖာမှာထိုင်နေရာမှ ထရပ်ကာ ရင်ဖွင့်လို့ ‌ခေါ်သည့်အခါ
ဟင့်အင်း ခါး ဟန်မဆောင်နိုင်တော့ပါ။

" အင့်...ဦးရိပ် "

သိပ်ကို လွမ်းဆွတ်နေခဲ့ရသော ရင်ခွင်ကျယ်ကြီးထံ ခါး အရှက်မဲ့စွာခိုဝင်မိပြီလေ။

အချစ်ကွန်ချာWhere stories live. Discover now