Part 70

269 10 1
                                    

❣️အချစ်ကွန်ချာ❣️{Part--70}
********❣️********

" ညီ...ကိုကို့ကလေးလေး "

ရိုင်း အသံက တုန်ရင်အက်ကွဲနေသလို မျက်ဝန်းဟာ မျက်ရည်တို့ စီးကျနေလျက်...

သွေး အနောက်မှ ပါလာသည့် ငယ်လေးကတော့ အရင်ကနဲ့ မတူသော ပုံစံလေးဖြင့်...

တီရှပ်လက်တိုအနက်ကိုမှ pant အဖြူစွတ်စွတ်ဖြင့် တွဲဝတ်ထားသည်က လုပ်ငန်းခွင်မှ ဒေါက်တာနေအခါး ပုံစံအစစ်ကို မြင်နေရသလို
သို့သော်ငြားလည်း ကလေးဟန်လေးက ပျောက်မသွားသည်က ငယ်လေး၏ ကလေးဆန်သော မျက်နှာ နုနုလေးကြောင့်သာဖြစ်သည်ပဲ။

အလိုက်တသိ ခေတ် ဖယ်ပေးလိူက်သည့် ခုံမှာ ဝင်ထိုင်လိုက်သည့် ငယ်...
ရိုင်းကတော့ ဘာစကားမှမပြောနိုင်တော့ဘူး ထင်ရဲ့...

ဟုတ်ပါသည်။
ရိုင်း ဘာစကားမှ မဆိုနိုင်ခဲ့တာပါ

ကိုကို ကိုကို နဲ့ အမြဲချွဲကပ် ဂျီကျလွန်းပါသော ကိုယ့် ညီလေးက အခုများတော့ တစိမ်းဆန်နေသလား ရင်းနှီးနေသလားတောင် မသေချာသည့် မျက်ဝန်းအကြည့်တွေဖြင့် ရိုင်း နံဘေးနား ရှိနေခဲ့သည်မဟုတ်ပါလား။
မြင်ရခဲသော ဝတ်စားပုံလေးကလည်း တကယ့် လူကြီးလေးလို ဂိုက်ဖမ်းထားပေမယ့် မွှေ့ရမ်းချင်စရာလေး ဖြစ်နေတာတော့ ဒီကလေးက သိပါရဲ့လား။

" ညီ...အလုပ်တွေ ပင်ပမ်းနေလား ၊
  မျက်နှာလေးတောင် ပိန်သွားတယ်ကွာ ဟင် "

ဆေးပိုက်သွင်းထားသည့် လက်ဖြင့် ခါးကို ထိတွေ့ချင်ဟန် ကိုကို့ကြောင့် ထိုလက်ကို ဖွဖွညင်သာ ဆုပ်ကိုင်ပေးလိုက်ရင်း...

" ဒီလိုပါပဲ...ကိုယ်မွေ့လျော်ရာနေရာဆိုတော့ ပင်ပမ်းပေမယ့် အဆင်ပြေပါတယ် ၊
  တစ်စုံတစ်ယောက်အတွက် ကုန်ခဲ့တဲ့အချိန်တွေ
  အစားပေါ့ "

ဒါ ရိပ်ကို စောင်းပြောနေတာပေါ့လေ။
ရိပ်ကြောင့် သူလုပ်ငန်းခွင်မဝင်ဖြစ်ခဲ့သည်ကို စကားနာထိုးနေသည်က စိတ်ဆိုးဖို့ထက် ဖက်နမ်းပစ်ဖို့ ကောင်းနေတာပင်။

" ကိုကိုတို့ကို အရမ်းစိတ်ဆိုးနေတုန်းလား ညီ ၊
  အိမ်ကိုတောင် ပြန်မလာချင်တော့တဲ့ အထိလား "

အချစ်ကွန်ချာWhere stories live. Discover now