Part 60

272 15 3
                                    

❣️အချစ်ကွန်ချာ❣️{Part--60}
********❣️*********

" တီ တီ တီ "

ဟွန်းတီးသံ သုံးချက်နှင့်အတူ သော်ကငြိမ်စံအိမ်ရှေ့ထိုးစိုက်လာသည့် ကားကြောင့် အာရုံတွေက ထိုကားစီသာ...

" King "

ရိပ်ကော ရိုင်းပါ ပြိုင်တူရေရွတ်မိသွားကြသည်က
အိမ်တော်တံဆိပ်မပါသော ကားဖြင့် ရောက်လာသည့် King ကြောင့် စိုးရိမ်ထိတ်လန့်ခြင်းတွေဖြင့်...

အိမ်ထဲ လှမ်းဝင်လာသည့် King ကတော့ တည်ငြိမ်စွာပါပဲ။

ဆိုဖာထက် ခြေချိတ်ထိုင်ရင်း ...

" လူနာ သတိရပြီလား "

" မရသေးပါဘူး King ၊ သွေးထွက်လွန်ထားတဲ့အပြင် ရှော့ခ်ရသွားတာကြောင့်လည်း ပါတယ် "

King ကရိပ် နှင့် ရိုင်းထံ စူးစိုက်ကြည့်လာခဲ့ကာ...

" လွန်းခရာသွေးနဲ့ လွန်းခေတ်တမာန် တို့
ပုန်းရှောင်သွားကြရပြီ "

" ခွမ်း ခလွမ်း "

King စကားသံနှင့် ဖန်ခွက်ကျကွဲသံဟာ တစ်ချိန်တည်း...

မတ်တပ်စုံရပ်လျက် တောင့်တောင့်ကြီးငြိမ်သက်နေသူက ခေတ်

" ချာတိတ်ငယ် "

" အင့် ကိုကို "

ရိုင်း ပွေ့ဖက်လိုက်မှ အားကိုးရသလို ငိုချလိုက်သည့် ခေတ်ဟာ ဝမ်းနည်းခြင်းများစွာဖြင့်ပါလေ။

ကိုသွေးနှင့်သားမာန်တို့ကို လွမ်းနေခဲ့ပေမယ့် အခက်အခဲတွေကြောင့် ကြိတ်မှိတ်နေခဲ့တာ။
ခုတော့ ပိုဝေးသည်ထက် ဝေးရပြီပေါ့။

" မငိုပါနဲ့ သစ်ငယ်ရယ် ၊ သွေးတို့က အန္တရာယ်ကင်း
ဖို့ ပုန်းကြရတာလေ ၊
ဘာမှမဖြစ်တာမို့ အရမ်းကြီး စိတ်မကောင်းမဖြစ်
ပါနဲ့ ကွာ "

" အဲ့ လူယုတ်မာကြောင့် ၊
အရာအားလုံးက သူ့ကြောင့်ပဲ ကိုကိုရဲ့ ၊
သူ့ကြောင့်ပဲ ခေတ်တို့ မိသားစု သေကွဲကော ရှင်
ကွဲပါ ကြုံနေခဲ့ရတာ အီး ဟီး ဟီး "

" သစ်ငယ်ရယ် "

ဖန်ကွဲစတွေကို လာသိမ်းသွားပြီဖြစ်ပေမယ့် ရိုင်းရင်ခွင်ထဲမှ သစ်ငယ်ကတော့ ထိုနေရာတင် ငိုနေဆဲပါ။

အချစ်ကွန်ချာWhere stories live. Discover now