Part 54

208 7 3
                                    

❣️အချစ်ကွန်ချာ❣️{Part--54}
********❣️********

" ကလေးလေးရေ...ကိုကိုက ဘာလုပ်ထားလဲ
  ကြည့်ပါဦး ၊ ဘယ်သူ စားမှာလဲ ပြောဦးဗျ "

သော်ကငြိမ်၏ညနေခင်းက ကလေးမဟုတ်တဲ့ ကလေးလူကြီးလေးကို ချော့သံတွေဖြင့် ညံစီလို့နေ
ခဲ့ပြီး
ဆောင်းညနေခင်း၏ အအေးဓာတ်ကြောင့်ကော
ဆောင်တော်ကူးပန်းရနံ့တို့ဖြင့် ရောယှက်ကာ အပူသောကတွေ ခဏမေ့လို့ ပြုံးနေမိကြတာတော့ အသေအချာပင်။

" ဦးရိပ်...ငယ့်ကို ခေါက်ဆွဲသုပ်ကျွေးပါ "

အစ်ကိုဖြစ်သူချက်ပေးထားသည့် ကြက်ချဉ်စပ်ဟင်း၊ ကြွပ်ရွနေအောင် ကြော်ထားပါသော ကြက်ကြော် ၊ ပုစွန်အစိမ်းသုပ် နှင့် ကြက်ဥလိပ်တို့အားအရေးမလုပ်ဘဲ ငဆိုးလေးက ခေါက်ဆွဲသုပ်ပေးခိုင်းနေတာ တကယ် အကြပ်တွေ့ရပါ၏။

" ငယ်လေးရဲ့ ကိုကိုက အလုပ်ပင်ပမ်းနေတာ
  တောင် သူ့ညီလေးစားချင်တာကို ချက်ပေးထား
  တာလေ ကွာ ၊
  အဲ့ဒါလေးနဲ့ ထမင်းနဲ့စားလေ ငယ်လေးရဲ့ နော်
  ကိုယ့်အချစ်ဆုံးလေးက လိမ္မာပါတယ် "

" မစားဘူး...ဦးနွေအရိုင်းကြီးက ငယ့်ကိုမှမချစ်ဘဲ
  မစားဘူး အီး ဟီး ဟီး "

" ဟော...ကိုကို့ကလေးလေးကလည်းကွာ ၊
  အဲ့လိုကြီး မငိုပါနဲ့ကွာ ၊ ကိုကိုက ဟောဒီညီလေး
  ကို မချစ်လို့ ဘယ်သူ့ချစ်ရမလဲ
  သိပ်ချစ်တာ အချစ်ဆုံးလေးကို ကလေးပိစိလေး
  ကို
  စိတ်ဆိူးမနေပါနဲ့တော့...ကိုကို တကယ်
  တောင်းပန်တယ်ကွာ ၊
  နောက် ဘယ်တော့မှမအော်တော့ဘူးလေ
  နော် ကွာ ...လာ ကိုကို ခွံ့ပေးမယ် ဗျ "

" အင့်...ဦးနွေအရိုင်းကြီးက အကျင့်မကောင်းဘူး
  အီး ဟီး ဟီး ၊ အော်တယ် အရမ်းအော်တယ် အင့်
  ပြီးတော့ နှင်ထုတ်တယ် အင့် ဟင့် "

" ညီရယ်..."

အတော်လေး ဝမ်းနည်းနေသည့် ညီက ရိုင်း ဘယ်လို ချော့ချော့ မရပါ။
မျက်ရည်လည်ရွှဲနဲ့သာ တအီအီလုပ်လို့နေဆဲပင်။

" ကိုကို တောင်းပန်ပါတယ်ကွာ ၊
  ကိုကို့ညီကို ကိုကိုသိပ်ချစ်တာလေ ၊ စိတ်ထဲကပါ
  လို့ အော်တာဟုတ်ပါ့မလားကွာ ၊
  စိတ်ပူလို့လေ ...မချော့မိတာကလည်း အလုပ်တွေ
  ပိနေလို့ပါ ၊ စိတ်ဆိူးပြေတော့နော် ကလေးလေး "

အချစ်ကွန်ချာWhere stories live. Discover now