Part 21

262 15 1
                                    

❣️အချစ်ကွန်ချာ❣️{Part--21}
*******❣️********

သော်ကငြိမ်စံအိမ်     နံနက် 7:30 အချိန်

နံနက်စာ ထမင်းဝိုင်းသည် စိုပြေမှုကင်းမဲ့နေတာကြာပြီဖြစ်သည်။
ဘာကြောင့်ဆို စံအိမ်၏တေးသံသာပိုင်ရှင်လေးက
မနော်ဟရီစံအိမ်မှ ပြန်လာပြီးကတည်းက အရင်လို သွက်လက်ခြင်းတွေ ပျောက်ကွယ်နေတာကြောင့်ပင်။

ခေါက်ဆွဲကို စိတ်မပါစွာစားနေသည့် ညီကြောင့် မသိမသာ သက်ပြင်းချမိသည့် ရိုင်း
ရိပ် ဆီက ပြန်လာကတည်းက အလုပ်လည်းမဝင်
အပြင်ဆေးခန်းလည်း မထိုင်
လစ်ရင်လစ်သလို မှိုင်တွေနေတာကများပြီး ရိုင်းမသိအောင် ခိုးငိုတာတွေလည်း မရေတွက်နိုင်။

" ညီ "

" အင် ဗျာ ကိုကို "

" အစားကိုသေချာစားစမ်း "

ခဏတော့ ဇွန်းသံဟာငြိမ်သက်သွားပြီး

" အင့် ကိုကို ညီ့ကို အော်တယ် "

" ဟောဗျာ...ညီ !
  ဒေါ်တင့် ကျွန်တော် အော်လိုက်မိသလားဗျာ "

ရိုင်း ပြောမိတာ လေသံကပုံမှန်ပါပဲ။
ဘယ့်နှယ့် အော်ပါတယ်ဟု စွပ်စွဲသွားလေသလဲ။
ဒေါ်တင့်ကတော့ ရယ်ရှာပါရဲ့။

" ခါးလေးက ပြန်လာပြီးကတည်းက စိတ်နုနေတာ
  ထစ်ခနဲဆို မျက်ရည်က အိခနဲဝိုင်းလာတာပဲ
  ချော့ပေဦးတော့ "

စိတ်မချနိုင်စွာ ရိုင်းခြေလှမ်းတွေဟာ ညီ့အခန်းဆီ။

" ညီ "

မှောက်လျက်လေးနေနေတဲ့ ကျောပြင်ငယ်က တလှုပ်လှုပ်
ကုတင်စွန်းမှာထိုင်ရင်း ပခုံးလေးကိုဖွဖွတို့ထိလို့

" ညီ...ကိုကိုက မအော်ဘူးလေ ကွာ !
  ညီက အစားသေချာမစားတော့ စိတ်ပူပြီး ပြော
  ချင်ဇော အားကြီးသွားတာပါကွာ !
  ထပါဦး လာပါဦး ကိုကို့ဆီ "

အတော်လေး အာပေါက်မတတ်ပြောမှ ကျုံးထလာပြီး ရင်ခွင်ထဲပစ်ဝင်လာသည်။
နှာကတော့ တရှုံ့ရှုံ့လုပ်ဆဲ
ဇွတ်မှိတ်ထားသည့် မျက်လုံးတွေအပေါ်က ဂနာမငြိမ်နေသော မျက်ခွံလေးတွေကို ရိုင်း ဖွဖွနမ်းမိတော့

" ကိုကို ... ခေတ်ကို ချစ်နေတာလားဟင် "

ဘာမှလဲ မဆိုင်ဘူး
ကိုယ့်ကို သူ့ကိုအော်တဲ့အမှုနဲ့ စွဲချက်တင်မယ်ထင်နေတာ
မဆီမဆိုင်တွေ လာမေးနေတယ်

အချစ်ကွန်ချာWhere stories live. Discover now