Part 27

267 10 3
                                    

❣️အချစ်ကွန်ချာ❣️{Part--26}
*******❣️********

🎵 သူ အမုန်းများနဲ့ ရေးခြစ်ခဲ့ 🎶

🎼 အသဲကွဲဇာတ်လမ်းလေး 🎵

🎶 ငါ့ရဲ့ အချစ်တွေ ဖူးသစ်စ  🎼

🎼 ကျိုးလို့ကြေမွသွား 🎵

🎼 သူဟာ အစိမ်းလိုက် ခွဲ ပြီး  🎶

🎼 အသဲကို လွှင့်ပစ်ခဲ့ 🎶

" တောက်...ဘယ်ငလူးမသားက စောစီး ဒီသီချင်း
  ကို ဖွင့်နေတာလဲ !
  ကွန်ဒိုမှာ နေပြီး ပတ်ဝန်းကျင် စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်နေတာပဲ ငလူးတွေ "

ယောင်းမကြီးကိုင်ပြီး ဝရန်တာထွက်ကာ ဒေါသတကြီးပြောနေတဲ့ ဦးဦးကြောင့် မာန့် မှာ ရယ်လည်းရယ်ချင် သနားလို့ ရယ်လည်း မရယ်ရက်ခဲ့။

သီချင်းစာသားတွေက ဦးဦးကို အပီအပြင် ခံစားစေလို့ထင်ပါရဲ့
မျက်စိမျက်နှာပျက်နေရှာသည်။

" ဦးဦး "

" အမယ်လေး...လန့်လိုက်တာ သားရာ !
  အမ် တူး တူးနံ့ သွားပြီ ! ကြက်သားတွေ တူးပြီ "

အေပရွန်တကားကား ယောင်းမတကားကားဖြင့်
မီးဖိုခန်းဆီ ပြန်ပြေးပါသော ဦးဦးပုံစံက စိတ်နှင့်ကိုယ်က ခွာဟနေပုံ။

" သားမာန်ရေ...ကြက်သားတွေတူးကုန်ပြီကွာ !
  အာလူး‌ေကြာ် နဲ့ ပုစွန်ထုပ်လေးပဲ ထည့်
  သွားတော့နော် !
  သားကြိုက်တဲ့ ပန်းစိမ်းလေးလည်း ပါတယ် !
  နော် သားလေး "

မျက်နှာချိုးသွေး ပြောလိုက်ကာမှ ရဲရဲစိုစို နှုတ်ခမ်းလေးက စူထော်လာပြီး

" ကြက်သားကြော်ပါဆို "

ဟု မကျေမနပ်ပြောလာခဲ့တော့ ခေတ်မှာ ထပ် မျက်နှာချိုသွေးရင်းကပဲ

" ညနေ ပြန်လာရင်စားနော် ...ဦးဦး ထပ်လုပ်ထား
  ပေးမယ် ! လိမ္မာပါတယ် စိတ်မဆိုးပါနဲ့ ကွာ "

" ပြီးရော ပြီးရော ဟွန့် "

" ချစ်ဖို့ကောင်းအောင် စိတ်မဆိုးပြနေနဲ့ ကွ !
  မင်း Daddy ရှေ့ဆို ဟိုက အရူးကြီးလိုဖြစ်နေလိမ့်မယ် သိလား "

" အွန့်... Daddy က လူဆိုးကြီး မခေါ်ဘူး "

နှုတ်ခမ်းတစ်ထောင်လောက်ထော်ပြီး ပြောပုံက သေချာပါတယ်
ကိုသွေးတို့ အရူးကြီးရူးရမှာ...

အချစ်ကွန်ချာWhere stories live. Discover now