Part 67

257 8 0
                                    

❣️အချစ်ကွန်ချာ❣️{Part--67}
*******❣️********

ရန်ကုန်မြို့...

ဝန်ကြီးချုပ်အိမ်

ခြံထဲမဝင်သေးဘဲ ခေတ် ကားကို ခပ်လှမ်းလှမ်းမှာ
ရပ်လို့ ငိုင်‌တွေနေမိဆဲ...

တစ်ဖက်ခုံပေါ်မှာတော့ ငွေသားတွေထည့်ထားသည့် အိတ်အနက်က နေရာယူလျက်...

ခါးလေး၏ ကွန်ဒိုကို ခေတ် မရောင်းရက်ခဲ့ပါ။
သို့ကြောင့် ဘယ်တုန်းကမှ ထုတ်မသုံးခဲ့သည့် ခေတ် ဘဏ်စာအုပ်ထဲမှ ငွေသားထုတ်ကာ ယခု ဝန်ကြီးချုပ်ဆီ ရောက်လာခဲ့ခြင်းပင်။
အစကတော့ ရောင်းဖို့ စီစဉ်လိုက်သေးပေမယ့် တကယ်တမ်းကျ မလုပ်ရက်တော့။
ဒါကြောင့်ပဲ အချိန်က တောင်းပန်သည့် ရက်နှင့်ဆို
ခြားသွားခဲ့တာဖြစ်သည်။

" တီ တီ တီ "

ဟွန်းသံပေးတော့ လုံခြုံရေးကထွက်လာပြီး ဘာကိစ္စလဲမေး၍ အကျိုးအကြောင်းသေချာ ပြောမှ အိမ်ထဲက ခွင့်ပြု၍ မောင်းဝင်ခဲ့လိုက်သည်။

ခြံဝမှာတင် ကိုင်လာသည့် အိတ်ကို စစ်ဆေးခံခဲ့ရ‌ ပြီးမှ အိမ်ထဲဝင်ရ၏။

" လာကွယ့်...ဘာကိစ္စများရှိလို့လဲ မောင်ရင် "

မိသားစုသူံးယောက်လုံး စုံနေသည်မို့ ပိုအဆင်ပြေပါတယ်။

ခေတ် လက်ထဲမှ ငွေသားအိတ်ကို ဝန်ကြီးချုပ်ရှေ့
ရိုသေစွာ ချပေးကာ...

" နေအခါးရဲ့ ဆန္ဒအရပါ အန်ကယ်လ် "

ဝန်ကြီးချုပ်က အိတ်ကို ဖွင့်ကြည့်ပြီး...

" ဒါက...ဘာလဲ မောင်ရင် "

" စာချုပ်အတွက် အစားပြန်ပေးတာပါ အန်ကယ်လ် ၊ ရက်ကြာသွားတဲ့အတွက်လည်း ခါးလေးက
တောင်းပန်ပါတယ်တဲ့ "

" ဟာ မဟုတ်တာ အစ်ကိုရာ "

" မဟုတ်တာကိုကွယ် ...ဒါတွေမလိုပါဘူး "

" ဟုတ်တယ်...မောင်ရင် ၊ ပြန်ယူသွားပါ "

မိသားစုအားလုံး ငြင်းကြသည်က မဆိုင်းမတွပါဘဲ။

" တခြား ဘာသဘောမှ မရှိပါဘူး အန်ကယ်လ် ၊
   မြေကွက်က ခါးလေးရဲ့ချစ်ရသူ ကိုလရိပ်မြှား
   အရမ်းတန်ဖိုးထားတဲ့ ဘိုးဘွားပိုင်မြေကွက်မို့လို့
  အားနာစွာ ပြန်တောင်းရတာပါ ၊
  ဒီငွေသားက မြေကွက် တန်ကြေးကိုမမှီပေမယ့်
  အန်ကယ်လ် တခြားလိူအပ်တဲ့ နေရာတွေမှာ
  သုံးဖို့ ခါးလေးက ပေးတာပါ "

အချစ်ကွန်ချာWhere stories live. Discover now