Part 17

291 12 8
                                    

❣️အချစ်ကွန်ချာ❣️{Part--17}
********❣️********

" ကိုသွေး...ဘာ ဘာပြောလိုက်တာ "

ဦးနွေအရိုင်း ဆီမှာ တောက်လျှောက် စောင့်ကြည့်ပေးဖြစ်ရင်း သုံးရက်မြောက်နေ့မှာဖြစ်သည်။

ကိုသွေး ဖုန်းဆက်ပြောလာခြင်းအကြောင်းက မာန်လေးနှလုံးသားကို ဓားနဲ့မွှန်းသလိုခံစားရမယ့် စကားတဲ့လား

ကိုသွေးဆီက ဖုန်းလာတိုင်း ခေတ် ဝရန်တာထွက်ပြီး ဖုန်းပြောဖြစ်တာအကျင့်မို့ စိတ်လွတ်ပြီး အော်မိသွားတာ တော်သေးတယ်ပြောရမယ်။

" ကိုသွေး...အဲ့မိန်းမနဲ့ စေ့စပ်မယ့် ကိစ္စကို ခုထိ
  လက်မလျှော့သေးဘူးလား !
  ညီ သဘောမတူဘူးနော် ကိုသွေး...ပြီးတော့ "

" တော်စမ်း...ညီ !
  ငါ့အတွက် အစစအရာရာ အဆင်ပြေတဲ့ သူကို
  ငါ ရွေးချယ်တာကို မင်းက သဘောမတူစရာလား
  မင်း သဘောမတူလဲ ငါ လက်ထပ်မှာပဲ "

" ကိုသွေး "

တစ်ဖက်က ဖုန်းချသွားချေပြီ။

ခေတ်မှာသာ အရူးလိုဘာလုပ်ရမှန်းမသိ။

မာန်လေး

သားမာန်လေး ဒီကိစ္စကို သိပြီးရင် အရူးလေးလိုဖြစ်ရှာတော့မှာ

မဖြစ်ဘူး

" ဦးနွေအရိုင်း...ဦးနွေအရိုင်း "

" ဘာ ဘာဖြစ်တာလဲ ...ချာတိတ် !
  ဘာအရေးကြီးကိစ္စဖြစ်လို့လဲ ဖုန်းဆက်တာ ဘယ်သူလဲ "

ဖုန်းလာလို့ သွားပြောနေတဲ့ ချာတိတ်က အသဲအသန် ကိုယ့်ကိုခေါ်ပြီး ပြေးဝင်လာတော့ ရိုင်း ရင်ထဲ ပူသွားတာ ထိန်းမနိုင် သိမ်းမရပါဘဲ။

" အိမ်မှာ ကိစ္စတစ်ခု ဖြစ်နေတာ အရေးပေါ်မို့
  ခေတ် အိမ်ခဏပြန်ချင်တယ်
  ဆေးက ခုနမှ သွင်းတာဆိူတော့ မကုန်ခင်လောက်
  ခေတ် ပြန်လာခဲ့မယ် ဦးနွေအရိုင်း နော် "

" ကိုယ့်ကို စိတ်မပူပါနဲ့ ချာတိတ် !
  ပြန်မလာနိုင်လဲ ရတယ်နော် ... ကိုယ်အဆင်ပြေတယ်  ! ဦးဒေါင်းကို လိုက်ပို့ခိုင်းလိုက် ချာတိတ် "

" ဟမ်...အာ ဟုတ်ကဲ့ !
  အလုပ်လုပ်မနေနဲ့နော် ခင်ဗျား !
  ကိုယ့်ခန္ဓာကိုယ်အကြောင်း ကိုယ်သိနော် "

အချစ်ကွန်ချာWhere stories live. Discover now