Part 68

275 12 3
                                    

❣️အချစ်ကွန်ချာ❣️{Part--68}
*******❣️*******

ရန်ကုန်မြို့ ... 6:45 PM

ကားကို ကိုယ်တိုင်မမောင်းနိုင်တော့တဲ့ ရိုင်းက ရိပ်ကားပေါ်ပါလာခဲ့ပြီး ဖျားနေခဲ့ပြီမို့ ‌ကားမောင်း ရင်း စိတ်မဖြောင့်နိုင်သူက ရိပ်ပင်။
ဝန်ကြီးချုပ်အိမ်သွားပြီး ကုမ္ပဏီမှာ အလုပ်ကိစ္စမပြတ်၍ ဝင်ရသေးတာမို့ ပိုပမ်းသွားသည်ထင်ရဲ့။

ဝန်ကြီးချုပ်အိမ်မှာ
ကြားခဲ့ရသည့် စကားတွေဟာလည်း ရိပ်တို့ ထင်သလိုမဟုတ်ခဲ့။
ငယ်လေး ပိုက်ဆံပေးလို့ ဒေါသထွက်ပြီး ပစ်လဲတယ်ထင်မိတာက တကယ်တော့ သူတို့အထင်သက်သက်သာ။
မှားပြီး ရိုက်မိ၍ ရိုင်းလည်း ပိုစိတ်ထိခိုက်သွားတယ်ထင်ပါရဲ့။

တကယ်တော့ ဝန်ကြီးချုပ်ဟာ မနက်ကတည်းက သွေးတိုးနေတာဖြစ်ပြီး နေအခါး၏ ချစ်တတ်မှုကို
အားရဝမ်းသာ ဖုန်းထဲမှ အသိပေးနေခိုက် သတိလစ်လဲကျခဲ့တာ ဖြစ်သည်။
စိုးရိမ်ရအခြေအနေ မဟုတ်၍ ရိုင်းတို့ရောက်ချိန်မှာ အပြုံးဖျော့ဖျော့ဖြင့် ကြိုဆိုနိုင်ခဲ့၏။

" လာ...မောင်ရင်တို့ ၊ အားနာလိုက်တာ တကူးတက
  လာဖို့ မလိုပါဘူးကွယ် "

" ရပါတယ် အန်ကယ်လ် ၊
  ကျွန်တော့်ညီကြောင့် ကျွန်တော်ကပဲ တောင်းပန်
  ပါရစေ "

" ကျွန်တော်ကလည်း ထပ်တူ တောင်းပန်ပါတယ် "

" ဟေ့ ဟေ့...ဘာလို့ တောင်းပန်ကြရတာလဲ ၊
  ဘာကိုတောင်းပန်စရာ ပါလို့လဲ "

နှစ်ဦးသားတောင်းပန်မှုကို ဝန်ကြီးချုပ်က လက်ကာလို့ တားဆီကာ မေးလာခဲ့သည်မို့...

" မနက်က ငွေ လာပေးသွားတဲ့ ကိစ္စကြောင့် ခုလို
  မူးလဲတာ မဟုတ်ဘူးလား "

" ဟေ...မဟုတ်တာကွယ် ၊ အန်ကယ်လ်က အစကတည်းက သွေးတိုးနေတာကွယ့် ၊
  နေအခါးဆိုတဲ့ ကောင်လေးရဲ့ ချစ်တတ်မှုကြီးကို
  လေးစားချီးကျူးမိလို့ အားရဝမ်းသာ ဖုန်းဆက်
  တာပါ ၊
  ဖြစ်ချင်တော့ မိုက်ခနဲဖြစ်သွားတာပါပဲကွယ် "

ဝန်ကြီးချုပ်၏စကားကို ရိုင်းတို့ အမှန်ပဲ နားမလည်နိုင်ပါ။
ဒါကို ရိပ်မိဟန်တူသော ဝန်ကြီးချုပ်၏ သားက

အချစ်ကွန်ချာWhere stories live. Discover now