Part 7

539 13 2
                                    

❣️အချစ်ကွန်ချာ❣️{Part--7}
*******❣️********

" ကြီးနုရေ...မာန်လေးကော "

မနက်က ထူးထူးဆန်းဆန်း ဆေးရုံကိုလိုက်လာပြီး
အရေးပေါ်လူနာနှင့်မို့ ရုံးခန်းမှာစောင့်ဆိုတော့ မစောင့်ဘဲ ပြန်သွားသည့် မာန်လေးကြောင့် အိမ်ရောက်တာနဲ့ မေးမိတာဖြစ်သည်။

" ခြံထဲမှာ ဖြစ်လိမ့်မယ်...သားခေတ် !
  ထမင်းစားပြီး ခြံထဲဆင်းမယ်ဆိုပြီး သွားလိုက်တာပဲ ကွယ့် "

" ဪ...ဟုတ်ကဲ့ ကြီးနု !
  ဒီမှာ...သူ့အတွက် ပေါက်စီဝယ်လာတာ!
  နွှေးပေးထားလိုက်ပါဦး...ကျွန်တော် သူ့ဆီသွား
  လိုက်ဦးမယ် "

ခြံထဲဆိုတော့ ခေတ် ခြေလှမ်းတွေက ခြံထဲပြန်ဦးတည်ရင်း

ဟော တွေ့ပါပြီ

မြက်ခင်းပေါ် ပက်လက်လှဲလို့ ကောင်းကင်က ကြယ်တွေများ ရေတွက်နေသလားပဲ။

" သား...မာန်လေးရေ "

" ဟင်...ဗျာ ! ဦးဦး ပြန်ရောက်ပြီလား "

လှဲနေရာမှ ထထိုင်လိုက်ပြီး မေးလာသည့် ကလေး

" ဟုတ်ကဲ့...ပြန်ရောက်ပါပြီ ဗျာ !
  မနက်က ဘာလို့ ရုံးခန်းမှာ စောင့်မနေတာလဲ သား
  ဦးဦးက စောင့်နေမယ်ပဲ ထင်မိတာ "

" သူငယ်ချင်းတစ်ယောက်နဲ့ ခဏအဖော်လိုက်လာ
  တာမို့ပါ ဦးဦး !
  အဲ့ဒါကြောင့် မစောင့်နေတော့တာပါ ဦးဦး "

မဖြစ်မနေမို့ မာန် မုသားသုံးရတာ ခဏခဏဖြစ်နေပြီ။

သို့သော် မာန်က သူတစ်ပါးဒုက္ခရောက်ဖို့ရာ ကိုယ်ကျိုးအတွက် မုသားသုံးခဲ့တာမှ မဟုတ်ဘဲလေ။

တစ်ဖက်လူ စိတ်သက်သာရာရဖို့ တစ်ခါတလေကျ
သုံးရတဲ့မုသားတွေဟာ နစ်နာလိုစိတ်ကင်းတာမို့ အဆင်ပြေမှာပါ။

" ဦးဦး ပင်ပမ်းလာတာ ရေသွားချိုးတော့လေ "

" အဟွန်း...ဟုတ်ကဲ့ပါ ဗျာ !
  ဒါဖြင့် ဦးဦး ရေသွားချိုးလိုက်ဦးမယ် သား !
  သားလည်း အိမ်ထဲဝင်တော့လေကွာ !
  လေတွေတိုက်တာ အအေးပတ်ပြီး ဖျားနေမယ် "
  ကြီးနုဆီမှာ ပေါက်စီပေးခဲ့တယ် သားစားချင်တဲ့
  အချိန် စားနော် "

အချစ်ကွန်ချာWhere stories live. Discover now