Part 24

352 14 1
                                    

❣️အချစ်ကွန်ချာ❣️{Part--24}
*******❣️********

" ကိုရိပ် ... ခါး "

ခေတ် တကယ်ပဲ အံ့ဩသွားရသည်လေ။
မနက်ကပြန်သွားသည့် ခါးက ဒီညနေမှာ ကိုရိပ် နှင့်အတူရောက်ချလာသည်မဟုတ်လား။

ခေတ် တင်မဟုတ် စိုးပိုင်ဦးပါ အံ့ဩတာပင်။
ဒီဦးဦးက ဖေဖေ့ဆီ လာလည်ဖူးတဲ့ ခံ့ခံ့ချောချော ဦးဦးပဲဟာ မှတ်မိတာပေါ့ ။

" ကိုရိပ်က...ဘယ်တုန်းကရောက်တာ "

" ကိုယ်...မနက်က ရောက်တာပါ "

" ကော်ပတ်ရုပ်လေးကော မတွေ့ပါလား...ခေတ် "

အိမ်ထဲစဝင်ကတည်းက ခါး ရှာနေမိတာက ထိုကလေးလေးဖြစ်ပြီး
ရိပ်လည်း ရှာနေခဲ့တာတော့ ရိပ်ကိုယ်တိုင်သာ သိသည်။

" အသုပ်တွေစားပြီး ဗိုက်အောင့်လို့တဲ့ကွာ
  ဆေးထိုးပေးထားတော့ အိပ်နေတယ် "

" အာ...ဖြစ်ရမယ် "

ရိပ်ကတော့ ညီငယ်လေးကို အပြေးတွေ့ချင်နေပေမယ့် လတ်တလော ဟန်ဆောင်နေရတာ ပင်ပမ်းလွန်းနေပြီ။

" ဦးရိပ်က နေမကောင်းဘူး ခေတ် "

" နေမကောင်းရင်းက ရောက်ချလာတာလား !
  အဟားးး ခါးကို အရမ်းလွမ်းနေလို့ဖြစ်မယ်
  ဟုတ်တယ် မဟုတ်လား ကိုရိပ် "

" ခေတ်...မင်းနော် "

ခါးက ရှက်ရွံ့စွာ ထအော်ပေမယ့် ရိပ်ကတော့ ခေါင်းလေးပုတ်လို့ ခါးကို ပြုံးကြည့်နေပုံက ဘေးလူတွေကိုပါ ချိုမြိန်ခြင်းတွေ ကူးစက်စေခဲ့၏။

ဆိုဖာမှာ ထိုင်နေကြတုန်း ကော်ဖီခွက်တွေ လာချပေးသည့် ကောင်လေးကိုမြင်မှ ရိပ် သတိထားမိရင်း ခပ်ဖွဖွပြုံးလို့ အသိမှတ်ပြုဟန်ပြလိုက်မိသည်။
အစကတည်းက ရှိနေတာမြင်ပေမယ့် ကိုယ့်ဇောနှင့်ကိုယ်မို့ သတိမထားမိခဲ့။

ကိုကြီးသက်ပိုင်သားက ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ။
ဖြစ်နိုင်ချေက ညီငယ်လေးနှင့် သူငယ်ချင်းတွေဖြစ်ဖို့ပင်။

" ကိုရိပ်...ခါးကို ပြောပါဦးဗျာ !
  ဆေးခန်းလည်း မထိုင်ဘူး...ဆေးရုံလည်းမဝင်ဘူး...အားမရှိသလို နွမ်းဖတ်နေတာ ! အဲ အဲ
  ခုမှ မျက်နှာလေး ကြည်သလားပဲ ဟားးးး "

အချစ်ကွန်ချာWhere stories live. Discover now