Part 14

343 14 17
                                    

❣️အချစ်ကွန်ချာ❣️{Part--14}
********❣️********

" အင်း...ဟင်း ဦးလရိပ်မြှား "

" ဟင်...ငယ်လေး ! နိုးလာပြီလား
  ဘယ်လိုနေလဲ...နေဦး ကိုယ် ဆရာဝန်ခေါ်လိုက်
  ဦးမယ် ခဏနော် ငယ်လေး "

" အဲ့ "

ခါး တားချိန်တောင်မရလိုက်

အခန်းပြင်ထွက်သွားတာက လှစ်ခနဲ

မကြာလိုက် ဆရာဝန်နှင့်အတူ ပြန်ဝင်လာသည့် ဦးလရိပ်မြှား

" ငယ်လေး...အခြေအနေ "

ခါးကို သေချာ စမ်းသပ် စစ်ဆေးနေတဲ့ ဆရာဝန်ကို စိတ်မရှည်ဟန် မေးနေပါသော ဦးလရိပ်မြှား ပုံစံက
ခါးကို ဒေါသတကြီး ပြောဆိုခဲ့တာ သူမဟုတ်တော့သည့်အတိုင်းပါပဲ။

" စိုးရိမ်စရာမရှိတော့ပါဘူး...ဦးလရိပ်မြှား !
  ဒီနေ့တစ်ရက်တော့ ဆေးရုံမှာဆက်နေစေချင်တယ် !
  တခြားကြောင့် မဟုတ်ပါဘူး...လူနာက အဖျားရှိ
  နေလို့ပါ "

" ကောင်းပြီလေ...စိတ်ချရအောင် ဆက်နေလိုက်
  တာပေါ့ !
  တခြားတော့ စိုးရိမ်စရာမရှိဘူး မဟုတ်လား "

" မရှိပါဘူးဗျာ...အရမ်းစိတ်မပူလဲ ဖြစ်ပါတယ် "

" အင်းပါ "

ဆရာဝန်ထွက်သွားတော့ ခါး အနားကပ်လာကာ

" ငယ်လေး...ကိုယ် မျက်နှာသစ်ပေးမယ်နော် !
  လာ...ရေချိုးခန်းထဲ သွားရအောင် "

" ရပါတယ်...ဦးလရိပ်မြှား !
  ခါး ဖာသာ သွားသစ်ပါ့မယ် ကိစ္စမရှိပါဘူး "

" မရပါဘူး...မတော်မူးလဲနေမှဖြင့်ကွာ !
  လာ...ကိုယ် လိုက်သစ်ပေးမယ် လိမ်လိမ်မာမာလေး လိုက်ခဲ့ပေး "

ငြင်းမရသည့် အဆုံး ဒီ စိတ်မမှန်တဲ့ ဇီဇာအဖိုးကြီးလုပ်ပေးသမျှ ခါး ငြိမ်ခံနေလိုက်ရတော့သည်လေ။

ကိုယ် သက်သာရင် ပြီးတာပဲ မဟုတ်လား။

" ငယ်လေး "

" ဟုတ်ကဲ့ "

" နေရတာ အဆင်ပြေရဲ့လား "

" ပြေပါတယ် "

မပြေတာကို ပြေပါတယ် ဇွတ်ပြောနေတဲ့ ငယ်လေးကို ရိပ် စိုက်ကြည့်လိုက်စဉ်

အချစ်ကွန်ချာWhere stories live. Discover now