Part 64

132 6 1
                                    

❣️အချစ်ကွန်ချာ❣️{Part--64}
********❣️********

" ရိုက်ကွာ ရိုက်၊ ခွဲပစ်မှာ အကုန်...ညီ ခွဲပစ်မှာ
   ခွမ်းးး ခလွမ်းးးး ခွမ်းးးး "

" ခါးလေး...မလုပ်ရဘူးလေ ရှကုန်မယ်ကွ "

" အေး...မင်းလာခဲ့လိုက်တော့ နေအခါး "

" အင့်..."

" ကိုကို ခါးကို မလုပ်ပါနဲ့ "

" ဒက်ဒီကြီး ပါးပါးကို မလုပ်နဲ့ "

တားဆီးသံတွေက ရိုင်းနားထဲမဝင်ပါ။
နဂိုရ်ကတည်းက ရိုင်းဟာ စနစ်ဇယားကြီးသူဖြစ်ပြီး စည်းကမ်းတင်းကြပ်သူဖြစ်၏။
အခုလောက်ထိ မရိုက်ဖြစ်နေတာကလည်း ရိပ် အရှေ့မှ ခံနေလို့
ဆေးရုံကဆင်းလာပြီးကတည်းက သစ်ငယ်က မရိုက်ပါနဲ့ မအော်ပါနဲ့ တားထားလို့သာ။
ကိုယ်တိုင်ကလည်း ဒီကလေးကို သိပ်မတင်းကြပ်ချင်တော့လို့လဲ ပါသည်။
ဒါကို ဒီလူဆိုးလေးက ဆိုးရဲနေလိုက်တာများ....

စားသောက်နေချိန် စိတ်ဆိုး စိတ်ကောက်တာ ရိုင်းမပြောလိုပေ။
ကိုယ့်ကို မလေးမစား ပန်းကန်တွေ ခွဲပစ်တာကတော့ အတော်လေးလက်မခံချင်ပေ။

မနက်ကတည်းက မတရားဖိနှိပ်ထားရသည့် ဒေါသတွေဟာ မီးလောင်ရာ လေပင့်သည့်နှယ်။

အလုပ်ခန်းထဲထိ လက်ကောက်ဝတ်သေးသေးလေးကနေ ဆောင့်ဆွဲခေါ်လာပြီး ဆိုဖာပေါ် ဆောင့်တွန်းပစ်လိုက်တော့ ကုတ်ကုတ်လေးအသံတိတ်နေရှာသည့် ငဆိုးလေး။

" မင်း အပြစ် မင်းသိလား နေအခါး "

" ................ "

" မေးနေတာဖြေလေ "

" သိ သိပါတယ် ကိုကို "

" ထ မတ်တပ်ရပ်လိုက် ၊ လက်ဖြန့်ထား ဖြန့်ထား
  အောက်စိုက်မကျသွားစေနဲ့ "

" ........... "

" ရွှမ်း ရွှမ်း ရွှမ်းးးးးးးးးးးးးးးးးးး "

" အင့် "

" အသံမထွက်နဲ့ ပါးစပ်ပိတ်ထား ၊
  ဟိုဘက်လှည့် ငါ့ကို ခံအော်ပြီး ဆောင့်တဲ့
  မင်းခြေထောက်တွေကို ဆုံးမပေးမယ်
  နောက် မရိုင်းရဲအောင်ပေါ့ လှည့် လို့ပြောတယ်နော် နားပါလား "

အချစ်ကွန်ချာWhere stories live. Discover now