Part 20

281 11 1
                                    

❣️အချစ်ကွန်ချာ❣️{Part--20}
********❣️*******

*ဆောင်းမခစံအိမ်*

" သခင်သွေး...ညစာစားတော့မလား "

ဧည့်ခန်းမှာထိုင်ပြီး အလုပ်လုပ်နေတဲ့ သွေးကို မိဘုတ်က လာမေးတာဖြစ်သည်။

ကြီးနုက သွားမေးဆိုလို့သာ လာမေးရတာ မိဘုတ်တကယ်တမ်းကျ ဒူးတုန်နေတာပင်။

" မစားသေးဘူး...ဧည့်သည်လာမှာမို့ သူလာမှ စား
  တော့မယ် "

" ဟုတ်ကဲ့ရှင့် "

အလုပ်ထဲအာရုံစိုက်နေရင်း မိဘုတ် အမေးကြောင့် ပြန်ဖြေပြီးမှ သွေး ခေါင်းကို ဆိုဖာနောက်မှီပေါ် နောက်လှန်မှီချလျက်

အလိုလို ချမိတဲ့သက်ပြင်းက ဘာရယ်ကြောင့်ဆိုတာ မရေရာ။

အစိုးမရတဲ့စိတ်က စီးကရက်ကိုအလိုလို မီးညှိလျက် ဖွာရှိုက်မိတာ တရှိုက်မက်မက်။

ဆည်းလည်းသံတွေငြိမ်သက် သွားကတည်းက လစ်ဟာသွားသည့် ခံစားချက်က နှလုံးသားကိုဆွဲထုတ်ခံလိုက်ရသလိုပင်။

ကုမ္ပဏီရုံးခန်းရဲ့စားပွဲထက်မှာ စံအိမ်၏ဝရန်တာရှိ စားပွဲထက်မှာ ဧည့်ခန်းစားပွဲထက်မှာ ရှိနေကြတဲ့ ‌ေဆးလိပ် ပြာခွက်ထဲ လိုတာထက်ပိုလျှံကျနေခဲ့သော စီးကရက်ဖင်စီခံများက သွေးရင်ထဲက ခံစားချက်ကို အထူးတလည်ဖော်ပြနေခဲ့သည်။

မာနတွေထင်းလင်းစွာ မောက်မာစွာ တယူသန်စွဲစွာ
အချစ်နှင့်အိမ်ထောင်ဖက်ကို ဇယားတို့ဖြင့် ညီမျှချင်းချခဲ့သော်လည်း ကိုယ့်အတွက် အဆင်ပြေပြည့်စုံပါသည်ဆိုသော လက်တွဲဖော်နှင့် ပထမအဆင့် လူသိရှင်ကြား အသိမှတ်ပွဲလုပ်သည့် နေ့မှာ
ပဲ နှလုံးသားကျပျောက်သွားခဲ့တာ ရယ်စရာတော့
ကောင်းသား။

အဆင်ပြေပါသည် ပြည့်စုံပါသည် ဆိုသော လက်တွဲဖော်အား စိတ်လိုလက်ရမဟုတ်ဘဲ တာဝန်အရ လိုက်လျောမှုတွေ ဖြစ်လာရသည့်အခါ

အရင်က လိုက်ဖက်ညီတယ် ကိုယ့်အကြိုက်ကိုသိတယ် သို့ဖြစ်ပါ၍  ချစ်နိုင်တယ်ဟု တွေးထင်နေမိသမျှဟာ
အမှားကြီး မှားနေကြောင်းကို တဆစ်ဆစ်နာကျင်နေတဲ့ ဝဲဘက်ရင်အုံက သက်သေပြပေးခဲ့တယ်။

အချစ်ကွန်ချာWhere stories live. Discover now