Part--55

304 14 3
                                    

❣️အချစ်ကွန်ချာ❣️{Part--55}
*******❣️*********

" ခေတ်ကို ယူပါ ကိုကို ၊
  မဟုတ်ရင် ကိုကို့ကို ခေတ် ယူမိတော့မယ် ၊
  ခေတ်ရဲ့ ကိုကိုက သိပ်ကို စွဲဆောင်နေတယ်ဗျာ
  ရင်ခုန်ရလွန်းလို့ ရူးတော့မလားဘဲ "

".............. "
 
" ဟောဒီ အရမ်းမိုက်တဲ့ body ကြီးရယ် ၊
  အရမ်းညှို့နေတဲ့ နှုတ်ခမ်းချိုချိုလေးရယ် ၊
  ရင်ခုန်အောင်ပြုစားနေတဲ့ ဒီမျက်ဝန်းတစ်စုံရယ်
  အာဗျာ...
  ကိုကို့ရဲ့ အရာရာကို ခေတ် သိပ်ချစ်ပြီး သိပ်မက်
  မောတယ် "

" ကိုယ်........ "
 
" ဟင့်အင်း...ခေတ် ဘာမှမသိချင်သေးဘူး ၊
  တွေးလည်းမတွေးချင်သေးဘူး ကွာ "

" ဒါပေမယ့်......"

" ခု...ခေတ်သိတာ ကိုကို ခေတ်ကို ယူမလား
  ခေတ် ကိုကို့ကို ယူရမလား ၊ ဟာဗျာ ရှုပ်တယ်
  ကိုကို့ကို ယူမယ်...ခေတ် ကိုကို့ကို လိုချင်တယ်
  ပြွတ် ...အရမ်းချိုတယ် "

ဟုတ်ပါသည်။
ခေတ် ခုချိန် ဘာမှမသိချင်ပါ။
ဦးဘောဂဘာမထီ ချိန်းဆိုသည့် လူဆီလာကာမှ
ဘယ်လိုလုပ်ပြီး ထိုအခန်းထဲ ကိုကိုက ရောက်နေရ
သလဲဆိုတာ
ဟင့်အင်း...ခေတ် လောလောဆယ် ဘာမှကို မတွေးချင် မသိချင်သေးပါ။

ချိုအီနူးညံ့နေသည့် ကိုကို့ နှုတ်ခမ်းတွေကို စားသုံးရင်း ရှေ့ခရီးဆက်ဖို့သာ ခေတ် ကြိုးပမ်းနေမိတာဖြစ်သည်။

ခေတ်ရဲ့ ကိုကိုက ထိုသို့လည်း စွဲဆောင်အားပြင်းလွန်းပါလားဟု သိရချိန် ပိုလို့ ပိုလို့ ချစ်မြတ်နိုးတွယ်တာရပါသည်။
ရိုးသားအေးဆေးခြင်းရဲ့ တစ်ဖက်မှ ညှို့ချက်ပြင်း
တဲ့ ကိုကို့ရဲ့ တစ်ဖက်ခြမ်းက ခေတ်ကို အရူးအမူးပဲ
နယ်လွန်ခရီးဆီ ခုတ်မောင်းခိုင်းနေလေရဲ့။

" သစ်...သစ် ငယ်..."

တုန်ရီလှိုက်မောသည့် ရိုင်း ခေါ်သံက ထိုမျှသာ...

" ကိုကို့ကို အရမ်းချစ်တယ် ဗျ "

" ယာ့...မင်းးး "

ကိုယ့်ရှူး ကိုယ်ပြန်ပတ်သည်ဆိုတာ ဒါမျိုးကို ခေါ်တာ။

သို့ပေမယ့် ရိုင်းကိုယ်တိုင်လည်း ဒီကောင်လေး၏
အထိအတွေ့မှာ ထိန်းချုပ်နိုင်စွမ်းတို့ ပျောက်ဆုံးကာ လက်ရှိ ဖြစ်ပျက်နေသမျှကို မေ့လျော့လို့သွားပြီး
သောင်းကျန်းချင်တိုင်းသောင်းကျန်းပြီး ရိုင်း နှုတ်ခမ်းကို အမဲဖျက်သလို ဖျက်နေတဲ့ ကောင်ဆိူးလေးကို ပွေ့ချီကာ...
အိပ်ယာခင်းဖြူဖြူဖြင့် လှပစွာဆွဲဆောင်နေသော
ကုတင်ထက်ဆီသို့...

အချစ်ကွန်ချာWhere stories live. Discover now