Part 48

268 10 0
                                    

❣️အချစ်ကွန်ချာ❣️{Part--48}
*******❣️********

" ခိ ခိ ...ငါ့မှာ Daddy ရှိတယ် ၊
  ငါ့ Daddy က ငါ့ကို အရမ်းချစ်တာ သိလား ခိခိ
  စိုးပိုင်ဦး ငါ့ သူငယ်ချင်းလေး တစ်ယောက်တည်း
  အထီးကျန်နေရှာတယ် ၊ ငါ ရှာပေးရမလား ပြော
  ငါ့ Daddy ကြီးရဲ့ သူငယ်ချင်း ဦးဦးရှိန်းရှိတယ် "

" ............ "

" အဟီးးးး စိတ်ကူးမလွဲနဲ့နော် ငပိုင် ၊
  ဦးဦးရှိန်းက အရမ်းသဘောကောင်းတယ် ကြင်နာတတ်တယ် သိလား ၊
အွင်းးးးး ငါ့ Daddy ကြီးကိုတော့ မယှဉ်နဲ့ပေါ့ကွာ "

" ............... "

" အဟီးး ခိ ခိ ၊ ဘွာတေး ဘွာတေး ချစ်သူငယ်ချင်းလေး "

အိပ်ယာပေါ် မှောက်လျက်သားလေးနှင့် ခြေနှစ်ဖက်ထောင်ကာ အငြိမ်ကလည်း မနေ
ရေထဲ ရေသူထီးတွေ ကူးသလို ယက်သလို တလှုပ်လှုပ်
ဖြင့် သူငယ်ချင်းကို စနောက်နေသည်က တခိခိ တဟိဟိနဲ့ သဘောကျဖြစ်နေပုံပင်။

အသီးပန်းကန်ကို စားပွဲထက်တင်လိုက်ပြီး ကုတင်စွန်းတွင် ဝင်ထိုင်ကာ တင်ပါးလုံးလုံးလေးကို အုပ်ကိုင်လိုက်တော့ ဆတ်ခနဲ လှည့်ကြည့်လာပြီး

" Daddy "

" အွန်းးး ဖြည်းဖြည်းတက်ပါကွ ၊ အရေးကြီးနေရာကို
  အန္တရာယ်ဖြစ်စေမယ်ကွ "

" ခိခိ ... Daddy ကလည်း "

လှဲနေရာမှကြုံးထကာ ပေါင်ပေါ် တက်ထိုင်လိုက်တာကြောင့် ပြောမိတော့ သဘောတကျ ရယ်ရှာတဲ့ ကလေးလေးက ဘာအပူအပင်မျိုးနှင့်မှ မလိုက်ဖက်။
ကိုယ့်လက်ကိုဆွဲပြီး ကိုယ့် ဒုက္ခတွေထဲ ဆွဲခေါ်ရင်ဆိုင်ခိုင်းဖို့ တရားပါ့မလား။

" အင့်...ယားတယ်လေကွာ baby "

ပေါင်ပေါ်ခွထိုင်နေပြီး လက်တွေကို အင်္ကျီအောက်လျှိုသွင်းကာ ပွတ်သပ်နေတာမို့ တားလိုက်ကာမှ
ပိုလုပ်လာတော့သည်။

" Daddy စိတ်မထိန်းနိုင်ရင် မင်းလေး မလွယ်ဖြစ်
  မယ်နော် ၊ မကြောက်ဘူးလား ပြော "

" ဟင့်အင်း...လို့ ၊ အသီးစားတော့မယ် "

လူလည်လေး...
သူ အလှည့်တော့ ကြောက်တတ်သား...

ပေါင်ပေါ်မှဆင်းပြီး ခပ်တည်တည်နှင့် အသီးစားနေသည့် သားမာန်လေးကို သွေး ပြုံးလျက်ကပင် ကြည့်နေမိတယ်။

အချစ်ကွန်ချာWhere stories live. Discover now