Part--37

415 18 1
                                    

❣️အချစ်ကွန်ချာ❣️{Part--37}
********❣️********

" ကိုကို ..."

" ဗျာ...ချာတိတ်ငယ် "

ရေချိုးပြီး အဝတ်အစားမလဲသေးဘဲ bathrobe ဝတ်လျက်သားဖြင့် ပြတင်းပေါက်မှာ ရပ်နေသည့်
ကိုကိုကြောင့် ခေတ် အသံပြုမှ လှည့်ကြည့်လာသည်။

တစ်အိမ်ထဲနေနေဖြစ်ပေမယ့် ကိုကို့ကိုအခုလို ပုံစံဖြင့် မမြင်ဖူး၍ ခေတ်ဘက်လှည့်ကြည့်မှ မြင်လိုက်ရသည့် အနေအထားက ရင်တွေတောင် တုန်မှန်း ခုန်မှန်း မသိအောင်ဖြစ်ရ၏။

အိမ်နေရင်းတောင် ရှပ်လက်ရှည်နှင့် စတိုင်လ်ပန်ကိုသာ ဝတ်တတ်သည့် ကိုကို
အပြင်သွားရင်လည်း ဆွယ်တာလည်ပိတ် နှင့် စတိုင်လ်ပန် တစ်ခါတလေ ဂျဲင်းန်းဖြင့် တွဲဝတ်တတ်သည့် ကိုကို့ကို bathrobe ဖြင့် မြင်ရသည်က အနည်းငယ်မက ငေးမောမိစေတာတော့ မငြင်းနိုင်ပါ။

" ချာတိတ်ငယ် "

မမြင်ဖူးသလို ငေးမောနေသည့် ချာတိတ်ငယ်ကို
အသံထပ်ပြုလိုက်မှ

" ဗျ ဗျာ ကိုကို "

ထူးလာတာက ပြူးတူးကြောင်တောင်ရယ်။

" အဟွန်း...ဘာပြောမလို့လဲ ပြောလေ "

" ဟို မ မပြောပါဘူး ! အဝတ်အစားမလဲသေးလို့ပါ
  ကိုကို အအေးပတ်မှာစိုးလို့ "

" အင်း...ညီနဲ့ ရိပ်ကိုကြည့်ပြီး စိတ်ထဲမကောင်းနေ
  မိလို့ပါကွာ !
  ကိုယ် အဝတ်အစားလဲလိုက်ဦးမယ် "

" ဟုတ်...ကိုကို "

ခေတ်ကို ဖြတ်ပြီး အဝတ်လဲခန်းထဲဝင်သွားသည့်
ကိုကိုက အနားမှဖြတ်စဉ် ခေတ် နဖူးထက် အနမ်းခြွေခဲ့တာမို့ လူက နေမထိ ထိုင်မသာ ရှက်ကိုး ရှက်ကန်းဖြင့်ဘဲ ခုနက ကိုကိုကြည့်နေသော နေရာဆီ ပြတင်းပေါက်နားကပ်ခါ ကြည့်မိတော့

ခါး နှင့် ကိုရိပ်

ဘာတွေ အခြေအတင်ဖြစ်နေလဲ မသိရပေမယ့်
‌ခါးက မျက်ရည်တွေသုတ်နေသလို ကိုရိပ်ကတော့
ဘောင်းဘီအိတ်ထဲ လက်နှစ်ဖက်ထည့်လို့ ခပ်တည်တည်ပင်။

ကြားထဲက သားနှိုင်းလေးကတော့ ခါးလက်ကို ဆွဲလို့...

ခါးလေး နာကျင်နေတာမြင်ရပြန်တော့လည်း စိတ်မကောင်းနိုင်။
ကိုရိပ်ကိုသာ အမြန်ဆုံး သတိပြန်ရစေချင်သည်။

အချစ်ကွန်ချာWhere stories live. Discover now