Part 4

451 13 2
                                    

❣️အချစ်ကွန်ချာ❣️{Part--4}
*******❣️********

" သွေး "

" ဟင်...ချစ်သဲ ! ဘယ်လိုလုပ်ရောက်လာတာလဲ "

" ဒီလိုပဲ ရောက်လာတာပေါ့ သွေးရယ် !
  ချစ်သဲ ကို မလွမ်းဘူးလား ဟင် "

သွေးရှေ့ မြင်နေရသည့် ချစ်သဲက အဖြူရောင်ဂါဝန်လေးဖြင့် လှပကျော့ရှင်းနေလိုက်တာ ငေးမဝချင်စရာ

" လွမ်းတာပေါ့ဗျာ...ကိုယ့်လောက် လွမ်းနိုင်သူ
  ချစ်နိုင်သူ ဒီကမ္ဘာမှာ ရှိရင် ခေါ်ခဲ့စမ်းပါ "

" ဘာလုပ်ဖို့လဲ...သွေးက "

" ထိုင်ကန်တော့ချင်လို့လေ ...အဟားး
  ကိုယ့်ကို မှီအောင်ချစ်နိုင် လွမ်းနိုင်မှတော့ ကန်တော့သင့်တဲ့ လူသားမဟုတ်လားဗျာ ချစ်သဲ"

" အဟင်းးး သွေးကလေ အရမ်းပြောတတ်တာပဲ
  ချစ်သဲ က အဲ့လောက်မတွေးနိုင်ဘူး "

ချစ်ဖို့ကောင်းတဲ့အပြောလေးကြောင့် သွေး မနေနိုင်စွာဘဲ ချစ်သဲအား ရင်ခွင်ထဲ အသာထွေးဖက်
ထားရင်းမှ တဖြည်းဖြည်း

မှေးမှိန်သွားသည့် ချစ်သဲ မျက်နှာက သွေးမရှိတော့သလို

အမြဲ နီထွေးထူအိနေသည့် နှုတ်ခမ်းလေးတွေက ခုတော့ ဖြူလျော်နေခဲ့ပြီး

အသနားခံနေသည့် မျက်ဝန်းလှလှတစ်စုံထဲ မျက်ရည်တွေ အိုင်ထွန်းလို့

" ချစ်သဲ "

အလန့်တကြားဖြင့် သွေး ခေါ်မိတော့

" သွေး...!
ချစ်သဲရဲ့ သားလေးကို စောင့်ရှောက်ပေးပါနော် !
ချစ်သဲကို ခွင့်လွှတ်တယ်ဆို သားလေးကို သေချာ
စောင့်ရှောက်ပေးပါ သွေးရယ် !

ချစ်သဲရဲ့ သားလေးကိုတော့ မမုန်းလိုက်ပါနဲ့နော်
ချစ်သဲ ချစ်သဲ တောင်းဆိုပါရစေနော် သွေး "

" ချစ်သဲ...ကိုယ့်ကို မထားခဲ့ပါနဲ့ "

သွေးရင်ခွင်ထဲမှ ချစ်သဲက တဖြည်းဖြည်း အမှုန်လို လွင့်စင်နေပြီမို့ အရူးလို အော်ခေါ်နေမိသော်လည်း

" ချစ်သဲ...ချစ်သဲ ... ချစ်သဲ.....,.."

ဆတ်ခနဲ ထထိုင်မိသည့် သွေးက ရုတ်တရက် ကြောင်တောင်တောင်ဖြစ်‌နေခဲ့ပြီး နောက်မှ သတိထားမိတာ မိမိ အိပ်မက်မက်နေတာပဲဟု

အချစ်ကွန်ချာWhere stories live. Discover now