Part 9

278 10 4
                                    

❣️အချစ်ကွန်ချာ❣️{Part--9}
********❣️********

" အင်းး "

ရိပ် ချီခေါ်ရာပါလာတဲ့ ကောင်လေးက ငြီးသံသဲ့သဲ့ဖြင့် မျက်ဝန်းတွေက မပွင့်တော့

" ခါး...ခါး ! မင်း ရအောင် အန်ချလိုက် "

" အင့် ..."

အရင်အန်စေပြီးမှ ခေတ်က လိုအပ်တဲ့ကုသမှုတွေ လုပ်ရသည်။

ပြီးမှ စီနီယာတစ်ယောက်၏ ဆေးခန်းကို ခါးကိုခေါ်သွားပြီး ဆေးချိတ်ပေးထားရသည်။

မျက်စိမျက်နှာ ပျက်နေသည့် ကိုရိပ်က ခါးကို သူ့ရင်ခွင်ထဲက မထုတ်ဘဲ အသိမဲ့သူလို ပွေ့ပိုက်ထားပုံက ခေတ် အတော်လေး အံ့ဩရသေးတယ်။

ခေတ်တုန်းကတောင် ကိုရိပ် အခုလောက် သွေးပျက်တာမျိုး မမြင်ဖူးခဲ့။

ခါး အတွက် အလိုလို ဝမ်းသာမိသည့် စိတ်က ခေတ် နှုတ်ခမ်းထက် အပြုံးတွေကို ဖန်တီးဖြစ်သလိုပင်။

" ကိုရိပ် "

" အင်း "

ထူးပေမယ့် ကိုရိပ် အကြည့်တွေက ခါး ဆီမှ မရွေ့

" ကိုရိပ်...အရမ်းမစိုးရိမ်ပါနဲ့ !
  အန်လိုက်တော့ နည်းနည်းခံသာသွားတယ် !
  ပမာဏလည်း နည်းလို့ သိပ်မစိုးရိမ်ရဘူးလေ !
  ကျွန်တော်လိုအပ်တာတွေ လုပ်ပေးထားတာပဲ
  အရမ်းကြီး စိတ်မပူပါနဲ့ ဗျာ "

တကယ်တော့ ရိပ် ကိုယ့်စိတ်ကိုယ် နားမလည်နိုင်။

ဒီကောင်လေး မျက်စိရှေ့တင် အသဲအသန် အနေအထားဖြစ်သွားတာကို မြင်လိုက်ရချိန် ရင်ထဲ ပူလောင်ပြင်းပြမှုက နှိုင်းပြစရာတောင်မရှိပေ။

ဘာလို့လဲ ဘာလို့ ရိပ်က ဒီကောင်လေးအတွက်
အသဲအသန် ပူပန်နေမိရတာလဲ။

လူနာကုတင်ထက်မှ ဖြူဖျော့နေသည့် နှုတ်ခမ်းလေးဖြင့် ကောင်လေးကို ငေးနေမိတာ အသိလက်လွတ်။

" ကိုရိပ် "

" ဟင် "

" ကျေးဇူးတင်ပါတယ် "

အစမရှိ အဆုံးမရှိ ကျေးဇူးစကားပြောလာ၍ မျက်မှောင်ကုတ်ဖြင့် ကြည့်မိတော့

" ခါးကို...အရမ်းချစ်ပေးလို့လေ "

" ဟမ် "

တစ်တုံးတခဲကြီး ပြောလာတဲ့ ခေတ် စကားက
ရိပ်ကို တံတွေးပါနင်သွားစေတဲ့အထိ။

အချစ်ကွန်ချာWhere stories live. Discover now