Part 32

302 17 2
                                    

❣️အချစ်ကွန်ချာ❣️{Part--32}
*******❣️********

" အလုပ်ကို အလုပ်ရောက်မှ လုပ် Daddy!
  ဘေးမှာ မာန်လေးရှိနေတာကို မာန်လေးကိုပဲ
  ဂရုစိုက်ပါ !
  ကုမ္ပဏီမှာ ဘယ်ဝန်ထမ်းမိန်းကလေးကိုမှ မကြည့်ရဘူး !
  ဘယ်နေရာဖြစ်ဖြစ် အလုပ်ကိစ္စ ပြောရမယ့်သူက
  မိန်းကလေးဖြစ်နေရင်တောင် လိုတာထက်
  မရင်းနှီးရဘူး ! မရယ်ရဘူး ! မပြုံးရဘူး
  Daddy အရယ် အပြုံးတွေ အားလုံးက မာန်လေး
  အပိုင်မို့ သတိထားပေးပါ "

ကားမောင်းနေသည့် Z တစ်ယောက်မှာ မိမိသူဌေး၏ ပါးစပ်အဟောင်းသား ဖြစ်နေပုံကို ကားနောက်မှန်မှ တစ်ဆင့် ကြည့်ပြီး အတော်လေး ရယ်ချင်နေမိသည်။

သိပ်လှလွန်းသည့် သခင်လေးကို သူဌေးတစ်ယောက် ဘာမှမပြောနိုင်ရှာဘူးဘဲ။

" Daddy လို့...မာန်လေး ပြောနေတယ်လေ "

" အာ...အင်း !
မာန်လေး စကားကို နားထောင်ပါ့မယ် ဗျာ !
Daddy က ပြုံးလား မပြုံးလားဆို ရှေ့ကကောင်ကို မေးကြည့်ပါလား "

သူဌေးတို့က စစ်ကူခေါ်နေပြန်ပြီ

" ဒရိုင်ဘာဦးဦးကိုလား !
  Daddy က ပြုံးလား မပြုံးဘူးလား ဦးဦး ဗျ
  မိန်းကလေးတွေကို ရင်းနှီးလား မရင်းနှီးဘူးလား
  သား ကို ပြောပြ "

" ပြုံးပြတာပေါ့ သခင်လေးရ !
  လုပ်ငန်းတူ မိန်းကလေးတွေနဲ့ဆို ညစာစားရတာ
  နဲ့ နေ့လည်စာ စားရတာနဲ့ !
  ကျွန်တော် မနည်း ထိန်း‌နေရတာ "

" ဘာ !! Z မင်း "

Z ကို နောက်ကနေလက်ရွယ်ပြီးမှ စိတ်ထိန်းပြီး ဘေးကို လှည့်ကြည့်မိတော့

သွားပြီ

ဟေဇယ်ရောင်မျက်ဝန်းတွေက အရောင်လဲ့နေပြီး ဒေါသထွက်နေမှ ပိုလှနေသလားပဲ။

" မာန်လေး...အဲ့ကောင် လျှောက်ပြောနေတာ !
  အားးးးး သေပါပြီ နာတယ်လို့ သားမာန် "

" သွားးး အဲ့မိန်းမတွေကို ဖြီးပြနေလိုက် "

" သားမာန်...ကွာ လုပ်ချသွားပြန်ပြီ "

ဗိုက်ခေါက်ကို ရှိသမျှအားနဲ့ ဆွဲလိမ်ပြီး ပြောဆို စူဆောင့်ပြီး ကားပေါ်မှဆင်းကာ ကျောင်းထဲဝင်သွားသည့် ဘာဘီလေးက ဆိုးလိုက်တာ။

အချစ်ကွန်ချာWhere stories live. Discover now